Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘုတလင်နယ်ရှိ စစ်ကောင်စီ၏ တပ်ခွဲမှူးဦးစီးသည့် ကူတော်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်တိုက်

“အဲဒီစခန်းမှာက အင်အား၃၀လောက်ရှိတယ်။ ဒီမနက် အစောကြီး ဝင်တိုက်တာ။ တပ်ခွဲမှူး ဗိုလ်ကြီး တစ်ဦးနဲ့ နောက်စစ်သား ၁၀ဦးလောက်သေတယ်လို့ သိရတယ်။ အခု ရွာကိုဝင်လာပြီး စာသင်ကျောင်းမှာ တပ်စွဲပြီး ပတ်ရမ်းနေကြတယ်”ဟု ကူတော်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှ အကြမ်းဖက်စစ် ကောင်စီ၏ တပ်ခွဲမှူးဦးစီးသည့် ကူတော်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်တိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်​နေ့ည ၁၂ နာရီကစ၍ ဒီပဲယင်းနှင့် ဘုတလင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အဲဒီစခန်းမှာက အင်အား၃၀လောက်ရှိတယ်။ ဒီမနက် အစောကြီး ဝင်တိုက်တာ။ တပ်ခွဲမှူး ဗိုလ်ကြီး တစ်ဦးနဲ့ နောက်စစ်သား ၁၀ဦးလောက်သေတယ်လို့ သိရတယ်။ အခု ရွာကိုဝင်လာပြီး စာသင်ကျောင်းမှာ တပ်စွဲပြီး ပတ်ရမ်းနေကြတယ်”ဟု ကူတော်ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲမှာ ၁၂နာရီမှ၁ နာရီခွဲအထိ ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

“ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးကြောင်း ကနဦးသိရပေမယ့်သက်ဆိုင်ရာ အဖွဲ့အစည်းများရဲ့ကြေငြာချက်ထုတ်ပြန်မှသာ အတည်ပြုနိုင်ပါလိမ့်မယ်”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များက ဆိုသည်။

ကူတော်စခန်းအကုန်နီးပါးပျက်စီးခဲ့ပြီး ၊ ယနေ့နံနက်ပိုင်းတွင်စစ်​ကောင်စီတပ်များထပ်​ရောက်လာကာကူတော်ရွာအတွင်းတပ်စွဲပြီး အိမ်များကို မီးရှို့ ဖျက်ဆီးမှုများပြုလုပ်နေ၍ ဒေသခံများတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“ည ၁၂ နာရီစွန်းစွန်းမှာ ပစ်ခတ်သံတွေ စကြားရတယ်။ လက်နက်ကြီးသံတွေပါကြားရပါတယ်။ အဆက်မပြတ် ပစ်ခက်ပြီး တစ်နာရီကျော်ကျော်လောက်မှာရပ်သွားတယ်။ ရွာပတ်ဝန်းကျင်ကိုလည်း ဒရုန်းနဲ့ လှ့ည်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဥ် မှန်ကန်ကြောင်း ဘုတလင် PDFအဖွဲ့က အတည်ပြုခဲ့ပြီး အသေးစိတ်သတင်းထုတ်ပြန်ပေးမည်ဟု လူထုနွေဦးသတင်းဌာနသို့ဖြေကြားသည်။

အိမ်ခြေ ၂၀၀ ခန့်ရှိသော ကူတော်ကျေးရွာမှ ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေးနေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။