Connect with us

Hi, what are you looking for?

News

ထီးချိုင့်မြို့နယ် မရသိမ်ရွာကို စစ်ကောင်စီတပ်က တိုက်လေယာဥ် နှစ်စီးဖြင့် တိုက်ခိုက်နေ

“လက်ရှိ မြေပြင် အချက်အလက်ကို အတိအကျတော့ မသိရသေးဘူး။ဒါပေမယ့် တိုက်လေယာဥ် အသုံးပြုပြီး စစ်ခွေးတွေ မရသိမ်ရွာဘက်ကို ပစ်နေတယ်”ဟု ထီးချိုင့်မြို့ သတင်းထောက်ပို့ ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မရသိမ်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဥ် နှစ်စီး အသုံးပြု တိုက်ခိုက်နေကြောင်း ထီးချိုင့်မြို့နယ် သတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၃ ရက်) နံနက် ၁၀နာရီခန့်ကစ၍ တိုက်လေယာဥ် သံများအပြင် လက်နက်ကြီး ပေါက်ကွဲသံ အချို့ ကြားရကြောင်းလည်း ၎င်းတို့က ဆိုသည်။

“လက်ရှိ မြေပြင် အချက်အလက်ကို အတိအကျတော့ မသိရသေးဘူး။ဒါပေမယ့် တိုက်လေယာဥ် အသုံးပြုပြီး စစ်ခွေးတွေ မရသိမ်ရွာဘက်ကို ပစ်နေတယ်”ဟု ထီးချိုင့်မြို့ သတင်းထောက်ပို့ ရဲဘော်တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ် ရေးတပ်များ ရှိသည်ဟူသော ယူဆချက်ဖြင့် လူနေကျေးရွာများကို ရဟတ်ယာဥ်ဖြင့် တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းဟုလည်း ထီးချိုင့်မြို့ခံတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(ဇန်နဝါရီ ၁၂ ရက်)က စစ်ကိုင်းတိုင်း ကသာမြို့အထက်ပိုင်း မိုးတားကြီးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်လေယာဥ် သုံးစီးဖြင့် ဗုံးကြဲခဲ့ရာ ​ဒေသခံ ငါးဦးထိခိုက်ခဲ့ပြီး လူနေအိမ်ခြောက်လုံး မီးလောင် ခဲ့ရသည်။

ဇန်နဝါရီ ၄ ရက်ကလည်း အာဏာသိမ်းစစ်ကောင်စီတပ်သည် အင်းတော်နှင့် ထီးချိုင့်နယ်စပ်ရှိ ဂဟဲရွာအတွင်း ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။