Connect with us

Hi, what are you looking for?

News

ဒီပဲယင်း ယဉ်ကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် စီးနင်းတိုက်ခိုက်၊ PDFများကလည်း စိုင်ပြင်စခန်းကို မိုင်းဖြင့်တိုက်ခိုက်

“PDF တွေရှိတယ်လို့ သူတို့ သတင်းရလို့ လာပစ်တာနေမှာပေါ့။ ရွာကတော့ ထိတယ်။ ဘုန်းကြီးကျောင်း မီးရှို့ထားခဲ့တယ်။ ယဉ်ကျေးတောကျောင်းကို မီးရှို့တာ။ ရွာထဲမှာလည်းအခုရှိနေသေးတယ်”ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်း ယဉ်ကျေးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ယဉ်ကျေးရွာနှင့် ၁၀မိုင်ခန့်အကွာရှိ စိုင်ပြင်ရဲစခန်းကို တိုက်ခိုက်ခဲ့သည်ဟု ဒီပဲယင်းဒေသခံတစ်ဦးက ပြောသည်။

“PDF တွေရှိတယ်လို့ သူတို့ သတင်းရလို့ လာပစ်တာနေမှာပေါ့။ ရွာကတော့ ထိတယ်။ ဘုန်းကြီးကျောင်း မီးရှို့ထားခဲ့တယ်။ ယဉ်ကျေးတောကျောင်းကို မီးရှို့တာ။ ရွာထဲမှာလည်းအခုရှိနေသေးတယ်”ဟု ၎င်းက ဆိုသည်။

ယနေ့ (ဇန်နဝါရီ ၁၄ရက်) နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး၊ စစ်သုံးသယ် ယူပို့ဆောင်ရေးယာဉ်တစ်စီးတို့ဖြင့် လာရောက်ပြီး ယဉ်ကျေးရွာ ဘုန်းကြီးကျောင်းအနီး ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ချသွားကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း ဒေသခံက ပြောသည်။

“ယဉ်ကျေးကို ပစ်လို့ဆိုပြီး ဒီဘက်က စိုင်ပြင်စခန်းကို ပြန်လုပ်တာပေါ့။ ရှေ့ထွက်မိုင်းနဲ့ ပစ်ပြီး ခဏပစ်ပြီး ပြန်ဆုတ်သွားတယ်ပြောတယ်။ စိုင်ပြင်ပေါ်မှာတော့ ရဟတ်ယာဉ်ဝဲပြီး စာရွက်တွေကြဲသွားတယ်ပြောတယ်။ ဝါဒဖြန့်စာရွက်တွေ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စိုင်ပြင်တိုက်ခိုက်မှုတွင် ထိခိုက်မှုရှိ၊မရှိကို မသိရသေးကြောင်း၊ PDFများဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဒေသခံက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း၍ ယဉ်ကျေးရွာခံများထွက်ပြေးတိမ်းရှောင်နေကြရပြီး အသေးစိတ်အခြေအနေများ မသိရသေးဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွင်း မေလနဲ့ ဇွန်လ တတိယပတ်အထိ စစ်ဆင်​ရေး​တွေမှာစစ်သား (၃၃) ဦးသေဆုံးပြီး (၁၇) ဦးဒဏ်ရာရရှိကာ ၊စစ်သုံ့ပန်း (၂)ဦး ၊ လက်နက်မျိုးစုံ (၁၆) လက်နဲ့ ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီကနေ့...

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။