Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ဒီပဲယင်း၊ ခင်ဦး၊ ​ရေဦး သုံးမြို့နယ်စပ်​ကျေးရွာများကို ရဟတ်ယာဥ်များအသုံးပြု ပစ်​ခတ်

ညနေလေးနာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ယဉ်ကျေးရွာတောကျောင်း ကို မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာအတွင်းရှိ နေအိမ်များအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးနေကြောင်း၊ စစ်ဘေးရှောင်ကျေးရွာ ( ၅ ) ရွာထက်မနည်း ရှိနေကြောင်း ဒေသခံများက ​ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ဒီပဲယင်း၊ ခင်ဦး၊ ရေဦး နယ်သုံးနယ်ချုပ်​စပ် ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတ​ပ်များက ရဟတ်ယာဥ်များဖြင့်ပါ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ခင်ဦးမြို့နယ် အနောက်ခြမ်း၊ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းနှင့် ရေဦးမြို့နယ်တို့ဆုံရာ ကျေးရွာ အချို့တွင် တိုက်ခိုက်ရေး MI35 နှစ်စီးနှင့် ရိုးရိုးရဟတ်ယာဥ်တစ်စီး စုစုပေါင်း ရဟတ်ယာဉ် ၃စီးဖြင့် ပျံဝဲနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများအား တင်ဆောင်ရွှေ့ပြောင်းချထားခြင်း၊ နှစ်စီးက ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ​ပြောသည်။

ရဟတ်ယာဥ်သုံးစီးသည် နယ်သုံးနယ်ချုပ်စပ်ရှိ ကျေးရွာများပေါ်လှည့်လည်ဝဲပျံခဲ့ပြီး ဒီပဲယင်းမြို့နယ်ယဥ်ကျေးရွာ၊ ခင်ဦးမြို့နယ်အနောက်ခြမ်း သဲကုန်းကြီးကျေးရွာတို့ကို ဦးတည်ပစ်ခတ်သွားသည်ဟု ဒေသခံများက ပြောသည်။

“ရုတ်တရက်ကြီးရောက်လာပြီး ပစ်ခတ်တာပါ။ယဥ်ကျေးရွာနား ဝဲလာပြီး ပစ်ခတ်သွားတယ်။ စကစတပ်သားတချို့ကို လေကြောင်းကနေ ရွေ့ပြောင်းမှု လုပ်နေတယ်လို့ ကနဦး သိရပါတယ်။ ရေဦးနယ်က စကစ တွေကိုသယ်ပြီး ဒီပဲယင်းနယ်မှာ ချနေတယ်လို့လည်းကြားတယ်။” ဟု ဒေသခံတစ်ဦးက ​ပြောသည်။

Public Service Announcement

Public Service Announcement

ညနေလေးနာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ယဉ်ကျေးရွာတောကျောင်း ကို မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာအတွင်းရှိ နေအိမ်များအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးနေကြောင်း၊ စစ်ဘေးရှောင်ကျေးရွာ ( ၅ ) ရွာထက်မနည်း ရှိနေကြောင်း ဒေသခံများက ​ပြောသည်။

ဇန်နဝါရီ ၁၁ ရက်နေ့က ရေဦးမြို့နယ်အတွင်းက ချမ်းသာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်ဖျက်ဆီးခဲ့ပြီး စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးအပါအဝင် ရွာသားသုံးဦးကိုလည်း သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။