Connect with us

Hi, what are you looking for?

News

မတ္တရာ ကျေးလက်ဒေသက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်

အမျိုးသားညီညွတ်ရေးအစိုးရကိုထောက်ခံကြောင်း နှင့် အာဏာသိမ်းသည့် စစ်ကောင်စီ အလိုမရှိကြောင်းနှင့် အရေးတော်ပုံ အောင်ကိုအောင်ရမည် ဖြစ်ကြောင်း စသည့် ကြွေးကြော်သံများလည်း ပါဝင်သည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ကို ယနေ့ပြုလုပ်ခဲ့ရာ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း အစီအစဉ်ကို ထည့်သွင်း ပြုလုပ်ခဲ့သည်။

ဇန်နဝါရီ ၁၆ရက် မတ္တရာကျေးလက်ဒေသတစ်ခု၌ ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်ကျရှုံးရေး၊ ဖမ်းဆီးထားသည့် ခေါင်းဆောင်များ လွတ်မြောက်ရေး အတွက် ကြွေးကြော်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရကိုထောက်ခံကြောင်း နှင့် အာဏာသိမ်းသည့် စစ်ကောင်စီ အလိုမရှိကြောင်းနှင့် အရေးတော်ပုံ အောင်ကိုအောင်ရမည် ဖြစ်ကြောင်း စသည့် ကြွေးကြော်သံများလည်း ပါဝင်သည်။

မတ္တရာနယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ကို လုံခြုံရေးအခြေအနေအပေါ်မူတည်ပြီး လုပ်ဆောင်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာ​ကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီက အသိ​ပေးထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေချိန်မှာပဲ အာဏာသိမ်းစစ်တပ်က တောင်ပြုံးပွဲတော်ကို ကျင်းပဖို့ စီစဉ်နေပါတယ်။