Connect with us

Hi, what are you looking for?

LuduNwayOo

News

မတ္တရာ ကျေးလက်ဒေသက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်

အမျိုးသားညီညွတ်ရေးအစိုးရကိုထောက်ခံကြောင်း နှင့် အာဏာသိမ်းသည့် စစ်ကောင်စီ အလိုမရှိကြောင်းနှင့် အရေးတော်ပုံ အောင်ကိုအောင်ရမည် ဖြစ်ကြောင်း စသည့် ကြွေးကြော်သံများလည်း ပါဝင်သည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ကို ယနေ့ပြုလုပ်ခဲ့ရာ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း အစီအစဉ်ကို ထည့်သွင်း ပြုလုပ်ခဲ့သည်။

ဇန်နဝါရီ ၁၆ရက် မတ္တရာကျေးလက်ဒေသတစ်ခု၌ ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်ကျရှုံးရေး၊ ဖမ်းဆီးထားသည့် ခေါင်းဆောင်များ လွတ်မြောက်ရေး အတွက် ကြွေးကြော်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရကိုထောက်ခံကြောင်း နှင့် အာဏာသိမ်းသည့် စစ်ကောင်စီ အလိုမရှိကြောင်းနှင့် အရေးတော်ပုံ အောင်ကိုအောင်ရမည် ဖြစ်ကြောင်း စသည့် ကြွေးကြော်သံများလည်း ပါဝင်သည်။

မတ္တရာနယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ကို လုံခြုံရေးအခြေအနေအပေါ်မူတည်ပြီး လုပ်ဆောင်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဆရာတော်အား စစ်ကောင်စီက မည်သည့်အတွက်ကြောင့်ဖမ်းဆီးခဲ့သည်ကို မသိရသေးကြောင်း၊ ဆရာတော်သည် အာဏာသိမ်းကာလအစောပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများတွင် စိတ်အားထက်သန်ခဲ့သူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ်အရှေ့ပိုင်း၊ သရက်ကိုင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်က သတ်ဖြတ်သွားသည့် စစ်ဘေးရှောင်ပြည်သူ အမျိုးသား ခြောက်ဦး၏ ရုပ်အလောင်းများအား ဒေသခံများက တွေ့ရှိခဲ့​သည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားသော စစ်ကောင်စီတပ်သားများအား စစ်ကားနှစ်စီးဖြင့်လာရောက်သယ်ဆောင်သွားသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၉ ရက်ကလည်း စဉ့်ကူးမြို့နယ် သဲအင်းရွာ၊ကြက်တူရွေးရွာ၊မြစ်ကမ်းကြီးရွာနှင့် ဟင်္သာမရွာတို့မှ နေအိမ် ၆ဝ ခန့် မီးရှို့ဖျက်ဆီးခဲ့သေးသည်။