Connect with us

Hi, what are you looking for?

News

ပုလဲနယ်က ​ကျေးရွာများကို စစ်​ကောင်စီတပ်စီးနင်းပစ်ခတ်​၊ ​ဒေသခံပြည်သူအချို့ ဒဏ်ရာရ

လက်ရှိတွင် ကြောင်ဝင်ဒူးရွာ၌ အကြမ်းဖက်စစ်​ကောင်စီတပ်က တပ်စွဲနေသည့်အတွက် ရွာခံအားလုံးထွက်ပြေးခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများအသုံး ပြု၍ ဝင်ရောက်စီးနင်းနေပြီး ပြည်သူအချို့ထိမှန်ဒဏ်ရာရရှိကြောင်းဒေသခံများက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၆ ရက်)နံနက် ၉နာရီက ပုလဲမြို့နယ် ကြောင်ဝင်ဒူးရွာနှင့် အောင်ချမ်းသာရွာသို့ အကြမ်းဖက်စစ်ကောင်စီက အင်အား ၆၀ခန့်ဖြင့်စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

“သူတို့လာလို့ ရှောင်ကြတာကို မြင်သမျှပစ်တာ။သေနတ်သံမှစုံလို့ လက်နက်ကြီးနဲ့ရော ပါပစ်တာ”ဟု ထွက်ပြေးနေရသည့် ကြောင်ဝင်ဒူးရွာခံ အမျိုးသမီးတစ်ဦး​က ရှင်းပြသည်။

လက်ရှိတွင် ကြောင်ဝင်ဒူးရွာ၌ အကြမ်းဖက်စစ်​ကောင်စီတပ်က တပ်စွဲနေသည့်အတွက် ရွာခံအားလုံးထွက်ပြေးခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ရွာမှာစုစုပေါင်း လူဦးရေ ၄၀၀ ကျော်ရှိတယ်။အကုန် ပြေးနေရတာ။ပြီးတော့ ကျွန်တော်တို့ရွာနဲ့ တက်နေတဲ့ အောင်ချမ်းသာ ရွာကလူတွေပါ မနေနိုင်လို့ ပြေးနေကြရပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့အား အထိနာအောင်တော်လှန်နိုင်နေသည့် ပုလဲမြို့နယ်ကို ယခုလ က စ၍ စစ်ကြောင်း၊လေးကြောင်းဖြင့် ထိုးစစ်ဆင်နေသည်။

ထို့အပြင် ပုလဲမြို့နယ်၏ နာမည်ကျော် ဗိုလ်နဂါးကို ရဟတ်ယာဥ် လေးစီးအသုံးပြုကာ ပိတ်ဆို့ဖမ်းဆီးမှုပင်ပြုလုပ်ခဲ့ရသော်လည်း အောင်မြင်မှုမရှိခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook