Connect with us

Hi, what are you looking for?

News

မုံရွာမြို့နယ် လယ်ဇင်ရွာကို စစ်​ကောင်စီတပ်ဝင်​ရောက်ဖျက်ဆီး၊ ဒေသခံလူငယ်​​လေးဦးကို ပစ်သတ်ပြီးငါးဦးကိုဖမ်းဆီးသွား

တဲအိမ်နှစ်လုံး မီးရှို့ခံရ၍ နိဗ္ဗာန်ကျောင်း မှဘုန်းကြီး ကျောင်းကားတစ်စီးကိုလည်း ယူဆောင်သွားကြောင်း၊ ဖမ်းဆီးခံရသူ၅ ဦးကို မုံရွာ နမခတပ်အတွင်းသို့ ခေါ်ဆောင်သွားကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်​နေ့ည​နေက
ဝင်ရောက်စီးနင်းဖျက်ဆီးမီးရှိူ့ခဲ့ပြီး အမျိုးသားလေးဦးကို ​သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ​ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁၇) ညနေ ၅ နာရီခန့်က မုံရွာမြို့နယ် လယ်ဇင်ကျေးရွာနှင့် အနီးအနားပတ်ဝန်းကျင်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ ကား၂၂စီး အင်အား ၂၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ကျေးရွာနေပြည်သူများနေအိမ်ကို စွန့်ခွာထွက်ပြေးခဲ့ရသည်။ထိုအပြင် ဒေသခံလူငယ် ၄ဦးအား ဖမ်းဆီးပြီးဦးခေါင်းကိုသေနတ်ဖြင့် ​တေ့၍ပစ်သတ်ခဲ့ကာ၊​ဒေသခံ ၅ဦးကို အရှင်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

တဲအိမ်နှစ်လုံး မီးရှို့ခံရ၍ နိဗ္ဗာန်ကျောင်း မှဘုန်းကြီး ကျောင်းကားတစ်စီးကိုလည်း ယူဆောင်သွားကြောင်း၊ ဖမ်းဆီးခံရသူ၅ ဦးကို မုံရွာ နမခတပ်အတွင်းသို့ ခေါ်ဆောင်သွားကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီးရှို့ဖျက်ဆီးခံရသည့်တဲအိမ်နှစ်လုံးမှာ PDFစခန်းဟုလည်း စစ်​ကောင်စီတပ်ဘက်မှ ​ပြောဆိုမှုရှိသည်။ သို့သော် PDFစခန်းဟုတ်၊မဟုတ် People’s Spring ကအတည်မပြုနိုင်​​ပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။