Connect with us

Hi, what are you looking for?

News

ICJ တွင် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကသာ ကိုယ်စားပြုခွင့်ရှိကြောင်း NUG ပြော

“အခုလာမယ့် ကြားနာမှုမှာ NUG အစိုးရသာလျှင် တရားဝင် အစိုးရဖြစ်ကြောင်းနှင့် Alternate Agent အနေနဲ့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကသာလျှင် ကိုယ်စားပြုခွင့်ရှိတယ်ဆိုတဲ့အကြောင်း ICJ ဆီကို NUG အစိုးရအနေနဲ့ စာရေးသားပေးပို့ခဲ့ပြီးဖြစ်ပါတယ်”ဟု အထက်ပါ NUG နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ဓာတ်ပုံ - ICJ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ မကြာခင်ကြားနာမည့်အမှုတွင် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦး ကျော်မိုးထွန်းကသာ ကိုယ်စားပြုခွင့်ရှိကြောင်း NUG က ရုံးတော်ကို အကြောင်းကြားထားသည်။

NUG အစိုးရသည် ICJ နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု စာရေးသားပေးပို့ထားပြီး မြန်မာနိုင်ငံ ကိုယ်စားလှယ် (Alternate Agent)အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကသာလျှင် ကိုယ်စားပြုခွင့် ရှိသည်ဟု ICJ ထံ အကြောင်းကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က People’s Spring သို့ ပြောသည်။

“အခုလာမယ့် ကြားနာမှုမှာ NUG အစိုးရသာလျှင် တရားဝင် အစိုးရဖြစ်ကြောင်းနှင့် Alternate Agent အနေနဲ့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကသာလျှင် ကိုယ်စားပြုခွင့်ရှိတယ်ဆိုတဲ့အကြောင်း ICJ ဆီကို NUG အစိုးရအနေနဲ့ စာရေးသားပေးပို့ခဲ့ပြီးဖြစ်ပါတယ်”ဟု အထက်ပါ NUG နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့်လများကတည်းက ICJ သို့ မြန်မာနိုင်ငံတင်သွင်းရမည့် အစီရင်ခံစာများကို NUG က ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းမှတဆင့် တင်သွင်းခဲ့ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံး ICJ တွင် ဂမ်ဘီယာက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တားမြစ်ချက်များကို ချိုးဖောက်သည်ဆိုကာ ၂၀၁၉ နိုဝင်ဘာတွင် တရားစွဲဆိုခဲ့ပြီး ပထမဆုံး လူကိုယ်တိုင်ကြားနာပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ရှင်းလင်းခုခံခဲ့သည်။

ဒုတိယအကြိမ် လူကိုယ်တိုင်ကြားနာပွဲကို လာမည့် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ကာ ကြားနာမည်ဟု ICJ က ထုတ်ပြန်ထားပြီး တရားမဝင် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံကိုယ်စားပြု ရှင်းလင်းမည်လား၊ NUG အစိုးရက နိုင်ငံကိုယ်စားပြု ရှင်းလင်းမည်လားဆိုသည်ကိုမူ ICJ က ထုတ်ပြန်ထားခြင်းမရှိပေ။

အကြမ်းဖက်စစ်ကောင်စီက ICJ အမှုကို သွားရောက်ရှင်းလင်းမည်ဟု သတင်းဌာနအချို့ကို ထုတ်ပြောထားသော်လည်း မည်သူဦးဆောင်မည်ဆိုသည်ကို မပြောနိုင်သေးပေ။ စစ်ကောင်စီ၏ ICJ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်မှာ ၀ဏ္ဏမောင်လွင်ဖြစ်သော်လည်း ICJ ရုံးစိုက်ရာ The Hague သို့ ၎င်းကိုယ်တိုင် သွားရောက်ရဲမည်မဟုတ်ကြောင်း နေပြည်တော် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။