Connect with us

Hi, what are you looking for?

News

ရေဦးမြို့နယ် ရွာမိဿာရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် ခုနစ်ဦးကျဆုံး

ယနေ့နံနက်ပိုင်းကလည်း ရွာမိဿာရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက ကျေးရွာအတွင်းဝင်ရောက်ကာ ​နေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိသည်။

(ရွာမိဿာရွာရှိနေအိမ်များအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးနေသည်ကိုတွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ရေဦးမြို့နယ် ရွာမိဿာရွာအနီး စစ်ကောင်စီတပ်နှင့်ဖြစ်ပွားသည့်တိုက်ပွဲတွင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦးကျဆုံးသွားကြောင်း Local PDF တပ်ဖွဲ့များက အတည်ပြုသည်။

ယနေ့(ဇန်နဝါရီ ၂၁)နံနက် ၇ နာရီကျော်တွင် ရေဦးမြို့နယ် ရွာမိဿာရွာအနီးစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်စဥ် LPDF ရဲဘော်ခုနစ်ဦးကျဆုံးခဲ့ခြင်း ဖြစ်သည်။

“ကျဆုံးရဲဘော် ၇ ဦးပါ။ ပြောစရာ စကားလည်းမရှိ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေဦး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် ရေဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများသို့ ယခုရက်ပိုင်းများတွင် နေ့စဥ်နီးပါး စစ်ကြောင်းထိုးလျက်ရှိရာ စစ်ကြောင်းတစ်လျောက်ရှိကျေးရွာများမှ ​ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများအား မတရားဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်းကလည်း ရွာမိဿာရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက ကျေးရွာအတွင်းဝင်ရောက်ကာ ​နေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook