ပြည်သူလူထုကို လေကြောင်းများ ဗုံးကျဲသတ်ဖြတ်နေရာတွင် အဓိက ထိန်းကြောင်းကွပ်ကဲနေသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လေတပ်အရာရှိများ၏ နေရပ်လိပ်စာများကို Operation Spitfireက ယနေ့ထုတ်ပြန်လိုက်သည်။
ထိုစာရင်းတွင် လေတပ်ကို အဓိက ကွပ်ကဲ့နေသည့် ဗိုလ်ချုပ်အဆင့်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့် အထိ အကြမ်းဖက်စစ်ကောင်စီအရာရှိ ၄၁ ဦးပါဝင်သည်။

၎င်းတို့သည် စစ်ရာဇဝတ်မူကျူးလွန်သူများဖြစ်ပြီး ၎င်းတို့၏ မိသားစုနှင့် ဆွေမျိုးများစာရင်းပါ ရရှိထားသောကြောင့် ပြည်သူဘက် မျက်နှာမူရန်လည်း Operation Spitfire က တိုက်တွန်းထားသည်။
လေတပ်၏ စစ်ရာဇဝတ်ကောင်အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်လှညွန့်(လေ ၂၀၄၈)သည် လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးဖြစ်ပြီး ရန်ကုန်တိုင်းမှောက်ဘီမြို့နယ်၊ အမှတ် ၂ တင့်ကားတပ်ရင်းတွင် နေထိုင်သည်ဟုဖော်ပြထားသည်။

Public Service Announcement

စစ်ရာဇဝတ်ကောင် ဒုတိယအကြီးအကဲသည် ဗိုလ်မှူးချုပ်စောဆန်နီ(လေ ၂၁၀၂)ဖြစ်ပြီး ၎င်းသည် ဒုတိယလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ရာထူးကို ရယူထားသူဖြစ်သည်။ ၎င်းသည် ကရင်ပြည်နယ်၊ဘားအံခရိုင်၊ဘားအံမြို့နယ် ၊ဘားအံမြို့ ၊အမှတ်(၄)ရပ်ကွက်၊ အင်းကုန်းရပ်၊ သုခနလမ်း၊ အမှတ်(၄/၄၀၁)တွင် နေထိုင်သူ ဖြစ်သည်။

Operation Spitfireက ထုတ်ပြန်ထားရာတွင် စစ်ရေးအတွက် တာဝန်ယူထားသည့် စစ်ရာဇဝတ်ကောင် ဒုတိယဗိုလ်မှူးကြီး ရဲမျိုးသန့်ဖြစ်ပြီး ၎င်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင် ၊ရွှေဘို မြို့နယ် ၊ရွှေဘို မြို့ ၊အမှတ်(၁၀)ရပ်ကွက်၊ ပေါ်ဦးလမ်း၊အမှတ်(၈)တွင်နေထိုင်သူဖြစ်သည်ဟုဖော်ပြထားသည်။
ကျန်စစ်ရာဇဝတ်ကောင်များ၏ အမည် နှင့်နေရပ်လိပ်စာ အပြည့်အစုံတို့ကိုလည်း အသေးစိတ်ထုတ်ပြန်ထားရာအောက်ပါ စာရင်းတွင် ကြည့်ရှုနိုင်ပါသည်။


















































