Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူကို ​လေ​ကြောင်းမှဗုံးကျဲသတ်ဖြတ်​နေ​သောစစ်​ကောင်စီတပ်အရာရှိများ၏ အချက်အလက်များကို Operation Spitfire ထုတ်ပြန်

လေတပ်၏ စစ်ရာဇဝတ်ကောင်အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်လှညွန့်(လေ ၂၀၄၈)သည် လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးဖြစ်ပြီး ရန်ကုန်တိုင်းမှောက်ဘီမြို့နယ်၊ အမှတ် ၂ တင့်ကားတပ်ရင်းတွင် နေထိုင်သည်ဟု​ဖော်ပြထားသည်။

ပြည်သူလူထုကို လေကြောင်းများ ဗုံးကျဲသတ်ဖြတ်နေရာတွင် အဓိက ထိန်းကြောင်းကွပ်ကဲနေသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လေတပ်အရာရှိများ၏ နေရပ်လိပ်စာများကို Operation Spitfireက ယနေ့ထုတ်ပြန်လိုက်သည်။

ထိုစာရင်းတွင် လေတပ်ကို အဓိက ကွပ်ကဲ့နေသည့် ဗိုလ်ချုပ်အဆင့်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့် အထိ အကြမ်းဖက်စစ်ကောင်စီအရာရှိ ၄၁ ဦးပါဝင်သည်။

၎င်းတို့သည် စစ်ရာဇဝတ်မူကျူးလွန်သူများဖြစ်ပြီး ၎င်းတို့၏ မိသားစုနှင့် ဆွေမျိုးများစာရင်းပါ ရရှိထားသောကြောင့် ပြည်သူဘက် မျက်နှာမူရန်လည်း Operation Spitfire က တိုက်တွန်းထားသည်။

လေတပ်၏ စစ်ရာဇဝတ်ကောင်အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်လှညွန့်(လေ ၂၀၄၈)သည် လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးဖြစ်ပြီး ရန်ကုန်တိုင်းမှောက်ဘီမြို့နယ်၊ အမှတ် ၂ တင့်ကားတပ်ရင်းတွင် နေထိုင်သည်ဟု​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ရာဇဝတ်ကောင် ဒုတိယအကြီးအကဲသည် ဗိုလ်မှူးချုပ်စောဆန်နီ(လေ ၂၁၀၂)ဖြစ်ပြီး ၎င်းသည် ဒုတိယလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ရာထူးကို ရယူထားသူဖြစ်သည်။ ၎င်းသည် ကရင်ပြည်နယ်၊ဘားအံခရိုင်၊ဘားအံမြို့နယ် ၊ဘားအံမြို့ ၊အမှတ်(၄)ရပ်ကွက်၊ အင်းကုန်းရပ်၊ သုခနလမ်း၊ အမှတ်(၄/၄၀၁)တွင် နေထိုင်သူ ဖြစ်သည်။

Operation Spitfireက ထုတ်ပြန်ထားရာတွင် စစ်ရေးအတွက် တာဝန်ယူထားသည့် စစ်ရာဇဝတ်ကောင် ဒုတိယဗိုလ်မှူးကြီး ရဲမျိုးသန့်ဖြစ်ပြီး ၎င်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင် ၊ရွှေဘို မြို့နယ် ၊ရွှေဘို မြို့ ၊အမှတ်(၁၀)ရပ်ကွက်၊ ပေါ်ဦးလမ်း၊အမှတ်(၈)တွင်နေထိုင်သူဖြစ်သည်ဟု​ဖော်ပြထားသည်။

ကျန်စစ်ရာဇဝတ်​​ကောင်များ၏ အမည် နှင့်​နေရပ်လိပ်စာ အပြည့်အစုံတို့ကိုလည်း အ​သေးစိတ်ထုတ်ပြန်ထားရာ​အောက်ပါ စာရင်းတွင် ကြည့်ရှုနိုင်ပါသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။