Connect with us

Hi, what are you looking for?

News

ပြည်သူကို ​လေ​ကြောင်းမှဗုံးကျဲသတ်ဖြတ်​နေ​သောစစ်​ကောင်စီတပ်အရာရှိများ၏ အချက်အလက်များကို Operation Spitfire ထုတ်ပြန်

လေတပ်၏ စစ်ရာဇဝတ်ကောင်အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်လှညွန့်(လေ ၂၀၄၈)သည် လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးဖြစ်ပြီး ရန်ကုန်တိုင်းမှောက်ဘီမြို့နယ်၊ အမှတ် ၂ တင့်ကားတပ်ရင်းတွင် နေထိုင်သည်ဟု​ဖော်ပြထားသည်။

ပြည်သူလူထုကို လေကြောင်းများ ဗုံးကျဲသတ်ဖြတ်နေရာတွင် အဓိက ထိန်းကြောင်းကွပ်ကဲနေသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လေတပ်အရာရှိများ၏ နေရပ်လိပ်စာများကို Operation Spitfireက ယနေ့ထုတ်ပြန်လိုက်သည်။

ထိုစာရင်းတွင် လေတပ်ကို အဓိက ကွပ်ကဲ့နေသည့် ဗိုလ်ချုပ်အဆင့်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့် အထိ အကြမ်းဖက်စစ်ကောင်စီအရာရှိ ၄၁ ဦးပါဝင်သည်။

၎င်းတို့သည် စစ်ရာဇဝတ်မူကျူးလွန်သူများဖြစ်ပြီး ၎င်းတို့၏ မိသားစုနှင့် ဆွေမျိုးများစာရင်းပါ ရရှိထားသောကြောင့် ပြည်သူဘက် မျက်နှာမူရန်လည်း Operation Spitfire က တိုက်တွန်းထားသည်။

လေတပ်၏ စစ်ရာဇဝတ်ကောင်အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်လှညွန့်(လေ ၂၀၄၈)သည် လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးဖြစ်ပြီး ရန်ကုန်တိုင်းမှောက်ဘီမြို့နယ်၊ အမှတ် ၂ တင့်ကားတပ်ရင်းတွင် နေထိုင်သည်ဟု​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ရာဇဝတ်ကောင် ဒုတိယအကြီးအကဲသည် ဗိုလ်မှူးချုပ်စောဆန်နီ(လေ ၂၁၀၂)ဖြစ်ပြီး ၎င်းသည် ဒုတိယလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ရာထူးကို ရယူထားသူဖြစ်သည်။ ၎င်းသည် ကရင်ပြည်နယ်၊ဘားအံခရိုင်၊ဘားအံမြို့နယ် ၊ဘားအံမြို့ ၊အမှတ်(၄)ရပ်ကွက်၊ အင်းကုန်းရပ်၊ သုခနလမ်း၊ အမှတ်(၄/၄၀၁)တွင် နေထိုင်သူ ဖြစ်သည်။

Operation Spitfireက ထုတ်ပြန်ထားရာတွင် စစ်ရေးအတွက် တာဝန်ယူထားသည့် စစ်ရာဇဝတ်ကောင် ဒုတိယဗိုလ်မှူးကြီး ရဲမျိုးသန့်ဖြစ်ပြီး ၎င်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင် ၊ရွှေဘို မြို့နယ် ၊ရွှေဘို မြို့ ၊အမှတ်(၁၀)ရပ်ကွက်၊ ပေါ်ဦးလမ်း၊အမှတ်(၈)တွင်နေထိုင်သူဖြစ်သည်ဟု​ဖော်ပြထားသည်။

ကျန်စစ်ရာဇဝတ်​​ကောင်များ၏ အမည် နှင့်​နေရပ်လိပ်စာ အပြည့်အစုံတို့ကိုလည်း အ​သေးစိတ်ထုတ်ပြန်ထားရာ​အောက်ပါ စာရင်းတွင် ကြည့်ရှုနိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။