Connect with us

Hi, what are you looking for?

News

ဖောင်းပြင်နယ်ရှိ ရဲစခန်းနှစ်ခုကို PDF စီးနင်းတိုက်ခိုက်ရာ လက်နက်၁၁လက် ရရှိ

အောက်တောင်းရဲစခန်းတိုက်ပွဲတွင် G3 ၅လက်၊ စတင်းဂန်း(အူဇီ) ၂လက်၊ခြောက်လုံးပြူး၁လက်နှင့်ကျည်များသိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။ ထို့အပြင် Laptop ၁လုံးနှင့် ဆိုင်ကယ် ၂စီးလည်းရရှိခဲ့သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုပြီး လက်နက် ၁၁လက်သိမ်းဆည်းရရှိခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဇန်နဝါရီ ၂၂ရက်က ဖောင်းပြင်မြို့နယ်အောက်တောင်းရဲစခန်းနှင့် မိုင်းချောင်းရဲစခန်းကို PDF တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အောက်တောင်းရဲစခန်းတိုက်ပွဲတွင် G3 ၅လက်၊ စတင်းဂန်း(အူဇီ) ၂လက်၊ခြောက်လုံးပြူး၁လက်နှင့်ကျည်များသိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။ ထို့အပြင် Laptop ၁လုံးနှင့် ဆိုင်ကယ် ၂စီးလည်းရရှိခဲ့သည်။

ထို့​နောက် မိုင်းချောင်းရဲစခန်းတိုက်ခိုက်မှုတွင် G3 ၃လက်နှင့် ကျည်များရရှိခဲ့သည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရဲစခန်းနှစ်ခု တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး အချို့ကိုအရှင်ဖမ်းမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဇန်နဝါရီ ၂၂ရက်က ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ