Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖောင်းပြင်နယ်ရှိ ရဲစခန်းနှစ်ခုကို PDF စီးနင်းတိုက်ခိုက်ရာ လက်နက်၁၁လက် ရရှိ

အောက်တောင်းရဲစခန်းတိုက်ပွဲတွင် G3 ၅လက်၊ စတင်းဂန်း(အူဇီ) ၂လက်၊ခြောက်လုံးပြူး၁လက်နှင့်ကျည်များသိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။ ထို့အပြင် Laptop ၁လုံးနှင့် ဆိုင်ကယ် ၂စီးလည်းရရှိခဲ့သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုပြီး လက်နက် ၁၁လက်သိမ်းဆည်းရရှိခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဇန်နဝါရီ ၂၂ရက်က ဖောင်းပြင်မြို့နယ်အောက်တောင်းရဲစခန်းနှင့် မိုင်းချောင်းရဲစခန်းကို PDF တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အောက်တောင်းရဲစခန်းတိုက်ပွဲတွင် G3 ၅လက်၊ စတင်းဂန်း(အူဇီ) ၂လက်၊ခြောက်လုံးပြူး၁လက်နှင့်ကျည်များသိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။ ထို့အပြင် Laptop ၁လုံးနှင့် ဆိုင်ကယ် ၂စီးလည်းရရှိခဲ့သည်။

ထို့​နောက် မိုင်းချောင်းရဲစခန်းတိုက်ခိုက်မှုတွင် G3 ၃လက်နှင့် ကျည်များရရှိခဲ့သည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ရဲစခန်းနှစ်ခု တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး အချို့ကိုအရှင်ဖမ်းမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဇန်နဝါရီ ၂၂ရက်က ပြောဆိုထားသည်။