Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

သမိုင်းမှတ်တိုင်ထူမယ့် ပြည်သူ့ညီလာခံ

ညီလာခံမှာဆိုရင် မြန်မာနိုင်ငံရဲ့အဓိက အရင်းခံပြဿနာတွေရဲ့ရေသောက်မြစ်ကိုဖြေရှင်းနိုင်ဖို့အတွက် ရေးဆွဲထားတဲ့ ဖက်ဒရယ်ပဋိဉာဉ်ကိုအတည်ပြုမှာဖြစ်ပါတယ်။

ကျင်းပဆဲ အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC ) ရဲ့ညီလာခံမှာ အတည်ပြုမယ့် ဖက်ဒရယ်ပဋိဉာဉ်ဟာ နွေဦးတော်လှန်ရေးအတွက် မီးရှုးသဖွယ် ရှေ့ဆောင်လမ်းပြဖြစ်လာမယ်လို့ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီလ က ဒီနေ့စတင်ကျင်းပတဲ့ညီလာခံဖွင့်ပွဲမှာပြောလိုက်ပါတယ်။

ညီလာခံမှာဆိုရင် မြန်မာနိုင်ငံရဲ့အဓိက အရင်းခံပြဿနာတွေရဲ့ရေသောက်မြစ်ကိုဖြေရှင်းနိုင်ဖို့အတွက် ရေးဆွဲထားတဲ့ ဖက်ဒရယ်ပဋိဉာဉ်ကိုအတည်ပြုမှာဖြစ်ပါတယ်။

ဒီပဋိဉာဉ်ကိုအတည်ပြုရတာဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ၊ ၂၀၀၈ အခြေခံဥပဒေကိုအပြီးတိုင်ဖျက်သိမ်းဖို့ ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းဖို့၊အရပ်သားအစိုးရ ပေါ်ပေါက်ဖို့အတွက်ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီလက ရှင်းပြပါတယ်။

ဒါအပြင် ညီလာခံမှာ NUG အစိုးရ ဆောင်ရွက်ခဲ့တဲ့ အချက်တွေကို တင်ပြမယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အခုကျင်းပနေတဲ့ NUCC ရဲ့ညီလာခံဟာဆိုရင် နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ၊ လွှတ်တော်ကိုယ်စာလှယ်တွေ ၊စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေ ၊သပိတ်တွေ ၊ CDM တွေ၊အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ကြတာပါ။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။