Connect with us

Hi, what are you looking for?

ဗီဒီယို

သမိုင်းမှတ်တိုင်ထူမယ့် ပြည်သူ့ညီလာခံ

ညီလာခံမှာဆိုရင် မြန်မာနိုင်ငံရဲ့အဓိက အရင်းခံပြဿနာတွေရဲ့ရေသောက်မြစ်ကိုဖြေရှင်းနိုင်ဖို့အတွက် ရေးဆွဲထားတဲ့ ဖက်ဒရယ်ပဋိဉာဉ်ကိုအတည်ပြုမှာဖြစ်ပါတယ်။

ကျင်းပဆဲ အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC ) ရဲ့ညီလာခံမှာ အတည်ပြုမယ့် ဖက်ဒရယ်ပဋိဉာဉ်ဟာ နွေဦးတော်လှန်ရေးအတွက် မီးရှုးသဖွယ် ရှေ့ဆောင်လမ်းပြဖြစ်လာမယ်လို့ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီလ က ဒီနေ့စတင်ကျင်းပတဲ့ညီလာခံဖွင့်ပွဲမှာပြောလိုက်ပါတယ်။

ညီလာခံမှာဆိုရင် မြန်မာနိုင်ငံရဲ့အဓိက အရင်းခံပြဿနာတွေရဲ့ရေသောက်မြစ်ကိုဖြေရှင်းနိုင်ဖို့အတွက် ရေးဆွဲထားတဲ့ ဖက်ဒရယ်ပဋိဉာဉ်ကိုအတည်ပြုမှာဖြစ်ပါတယ်။

ဒီပဋိဉာဉ်ကိုအတည်ပြုရတာဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ၊ ၂၀၀၈ အခြေခံဥပဒေကိုအပြီးတိုင်ဖျက်သိမ်းဖို့ ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းဖို့၊အရပ်သားအစိုးရ ပေါ်ပေါက်ဖို့အတွက်ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီလက ရှင်းပြပါတယ်။

ဒါအပြင် ညီလာခံမှာ NUG အစိုးရ ဆောင်ရွက်ခဲ့တဲ့ အချက်တွေကို တင်ပြမယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အခုကျင်းပနေတဲ့ NUCC ရဲ့ညီလာခံဟာဆိုရင် နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ၊ လွှတ်တော်ကိုယ်စာလှယ်တွေ ၊စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေ ၊သပိတ်တွေ ၊ CDM တွေ၊အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ကြတာပါ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook