Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းလှမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး စစ်ကောင်စီတပ် ဖမ်းဆီးမှုကိုမခံလို၍ ကိုယ်တိုင်အဆုံးစီရင်

“Mission လုပ်ရန် ပြင်ဆင်နေစဉ် စစ်‌ခွေးများနဲ့ ထိပ်တိုက်ရင်ဆိုင်မိ၍ အဖမ်းမခံဘဲ ၊မိမိကိုယ်ကို ဗုံးဖြင့်ဖေါက်ခွဲကာ ကျဆုံးသွားခြင်းဖြစ်ပါတယ်”ဟု Triangle 3T PDF က ထုတ်ပြန်သည်။

People's Spring
People's Spring

မကွေးတိုင်း မင်းလှမြို့နယ်အခြေစိုက် ဒေသကာ ကွယ်ရေးတပ်ဖွဲ့ Triangle 3T PDF မှ ရဲဘော်တစ်ဦး စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့စဥ် အဖမ်းမခံဘဲ ကိုယ်တိုင်အဆုံးစီရင်ကာ တော်လှန်ရေးအတွက် အသက်ပေးသွားကြောင်း ယင်းအဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၇) ထုတ်ပြန်သည်။

ကျဆုံး PDF တပ်ဖွဲ့ဝင်မှာ ရဲဘော်ကျော်ကြီးဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်က တိုက်ခိုက်ရေးအစီအစဥ်တစ်ခုပြုလုပ်နေစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တိုးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“Mission လုပ်ရန် ပြင်ဆင်နေစဉ် စစ်‌ခွေးများနဲ့ ထိပ်တိုက်ရင်ဆိုင်မိ၍ အဖမ်းမခံဘဲ ၊မိမိကိုယ်ကို ဗုံးဖြင့်ဖေါက်ခွဲကာ ကျဆုံးသွားခြင်းဖြစ်ပါတယ်”ဟု Triangle 3T PDF က ထုတ်ပြန်သည်။

Triangle 3T PDF အနေဖြင့် သူရဲကောင်း ရဲဘော်ကျော်ကြီး ကျဆုံးမှုနှင့်စပ်လျဥ်းပြီး အခြေအနေအပြည့်အစုံအား သတင်းထုတ်ပြန်လိုသော်လည်း မိသားစုလုံခြုံရေးအရ ချန်လှပ်ထားရသည်ကို နားလည်ပေးစေလိုကြောင်း လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။