Connect with us

Hi, what are you looking for?

News

မင်းလှမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး စစ်ကောင်စီတပ် ဖမ်းဆီးမှုကိုမခံလို၍ ကိုယ်တိုင်အဆုံးစီရင်

“Mission လုပ်ရန် ပြင်ဆင်နေစဉ် စစ်‌ခွေးများနဲ့ ထိပ်တိုက်ရင်ဆိုင်မိ၍ အဖမ်းမခံဘဲ ၊မိမိကိုယ်ကို ဗုံးဖြင့်ဖေါက်ခွဲကာ ကျဆုံးသွားခြင်းဖြစ်ပါတယ်”ဟု Triangle 3T PDF က ထုတ်ပြန်သည်။

People's Spring
People's Spring

မကွေးတိုင်း မင်းလှမြို့နယ်အခြေစိုက် ဒေသကာ ကွယ်ရေးတပ်ဖွဲ့ Triangle 3T PDF မှ ရဲဘော်တစ်ဦး စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့စဥ် အဖမ်းမခံဘဲ ကိုယ်တိုင်အဆုံးစီရင်ကာ တော်လှန်ရေးအတွက် အသက်ပေးသွားကြောင်း ယင်းအဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၇) ထုတ်ပြန်သည်။

ကျဆုံး PDF တပ်ဖွဲ့ဝင်မှာ ရဲဘော်ကျော်ကြီးဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်က တိုက်ခိုက်ရေးအစီအစဥ်တစ်ခုပြုလုပ်နေစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တိုးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“Mission လုပ်ရန် ပြင်ဆင်နေစဉ် စစ်‌ခွေးများနဲ့ ထိပ်တိုက်ရင်ဆိုင်မိ၍ အဖမ်းမခံဘဲ ၊မိမိကိုယ်ကို ဗုံးဖြင့်ဖေါက်ခွဲကာ ကျဆုံးသွားခြင်းဖြစ်ပါတယ်”ဟု Triangle 3T PDF က ထုတ်ပြန်သည်။

Triangle 3T PDF အနေဖြင့် သူရဲကောင်း ရဲဘော်ကျော်ကြီး ကျဆုံးမှုနှင့်စပ်လျဥ်းပြီး အခြေအနေအပြည့်အစုံအား သတင်းထုတ်ပြန်လိုသော်လည်း မိသားစုလုံခြုံရေးအရ ချန်လှပ်ထားရသည်ကို နားလည်ပေးစေလိုကြောင်း လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။