Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကိုဖိတ်လို့ ရွှေ့လိုက်ရတဲ့ အာဆီယံအစည်းအဝေး လာမယ့်လထဲကျင်းပမယ်လို့ကမ္ဘောဒီးယားကြေညာ

ကနဦးကတော့ကမ္ဘောဒီးယား ဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇန်နဝါရီလ အတွင်းကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် စစ်ကောင်စီကိုဖိတ်တဲ့အတွက် အထမမြောက်ဘဲ ရွှေ့လိုက်ရတာပါ။

စစ်ကောင်စီကိုဖိတ်တဲ့အတွက် သဘောထားကွဲလွဲမှုတွေကြောင့် ရွှေ့ဆိုင်းလိုက်ရတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို လာမယ့် ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကျင်းပမယ်လို့ကမ္ဘောဒီးယားက ကြေညာလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာကျင်းပမယ့် အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံ ကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးရေး ဆွေးနွေးမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား က ဒီနေ့မှာ ထုတ်ပြန်လာတာပါ။

ကနဦးကတော့ကမ္ဘောဒီးယား ဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇန်နဝါရီလ အတွင်းကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် စစ်ကောင်စီကိုဖိတ်တဲ့အတွက် အထမမြောက်ဘဲ ရွှေ့လိုက်ရတာပါ။

ဒီတစ်ခေါက်ကျင်းပမယ့်အစည်းအဝေးမှာလည်း စစ်ကောင်စီကို ဖိတ်ကြားဖို့ ထပ်ရှိနေပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဟာလည်း နေပြည်တော်ကို လာရောက်ဖို့ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံဒေသတွင်း မှာ အင်အားကောင်းတဲ့ အင်ဒိုနီးရှား ၊မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေကတော့ အာဆီယံ ဘုံသဘောတူညီချက်တွေအကောင်အထည်မဖော်မချင်း စစ်ကောင်စီကို အစည်းအဝေးပေးမတက်ဖို့ ပွင့်ပွင့်လင်းလင်းထုတ်ပြောထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

Facebook