Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီကိုဖိတ်လို့ ရွှေ့လိုက်ရတဲ့ အာဆီယံအစည်းအဝေး လာမယ့်လထဲကျင်းပမယ်လို့ကမ္ဘောဒီးယားကြေညာ

ကနဦးကတော့ကမ္ဘောဒီးယား ဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇန်နဝါရီလ အတွင်းကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် စစ်ကောင်စီကိုဖိတ်တဲ့အတွက် အထမမြောက်ဘဲ ရွှေ့လိုက်ရတာပါ။

စစ်ကောင်စီကိုဖိတ်တဲ့အတွက် သဘောထားကွဲလွဲမှုတွေကြောင့် ရွှေ့ဆိုင်းလိုက်ရတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို လာမယ့် ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကျင်းပမယ်လို့ကမ္ဘောဒီးယားက ကြေညာလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာကျင်းပမယ့် အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံ ကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးရေး ဆွေးနွေးမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား က ဒီနေ့မှာ ထုတ်ပြန်လာတာပါ။

ကနဦးကတော့ကမ္ဘောဒီးယား ဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇန်နဝါရီလ အတွင်းကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် စစ်ကောင်စီကိုဖိတ်တဲ့အတွက် အထမမြောက်ဘဲ ရွှေ့လိုက်ရတာပါ။

ဒီတစ်ခေါက်ကျင်းပမယ့်အစည်းအဝေးမှာလည်း စစ်ကောင်စီကို ဖိတ်ကြားဖို့ ထပ်ရှိနေပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဟာလည်း နေပြည်တော်ကို လာရောက်ဖို့ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံဒေသတွင်း မှာ အင်အားကောင်းတဲ့ အင်ဒိုနီးရှား ၊မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေကတော့ အာဆီယံ ဘုံသဘောတူညီချက်တွေအကောင်အထည်မဖော်မချင်း စစ်ကောင်စီကို အစည်းအဝေးပေးမတက်ဖို့ ပွင့်ပွင့်လင်းလင်းထုတ်ပြောထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။