Connect with us

Hi, what are you looking for?

News

ကန်ပက်လက်မြို့ ယနေ့နံနက်တိုက်ပွဲ စစ်ကောင်စီတပ်မှ သုံးဦးသေဟု CDF ထုတ်ပြန်

ချင်းပြည်နယ် ကန်ပက်မြို့ ရန်အောင်စေတီ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား ယနေ့နံနက်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ဟု ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်သည်။

(ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းလာရေးအတွက် တိုက်ပွဲဝင်နေကြသော CDF-Kanpetlet မှ တပ်ရင်းအလိုက် ပြည်သူ့ရဲဘော်များ၏ လှုပ်ရှားမှုကို ​တွေ့ရစဥ်၊ ဓာတ်ပုံ- CDF-Kanpetlet(K2))

ယနေ့(ဇန်နဝါရီ ၃၁ရက်) နံနက် ၆နာရီခွဲမှစ၍ ၁နာရီခွဲခန့် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီ တပ်သား သုံးဦးသေဆုံးကာ ကန်ပက်လက် CDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)သည် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် တန်းတူညီမျှမှုရရှိရေးတို့အတွက် အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းပြီး အနာဂတ်ချင်းပြည်ထောင် တည်ဆောက်ရေးတွင် အတူလက်တွဲတိုက်ပွဲဝင်ကြရန် တိုက်တွန်းနှိုးဆော်ကြောင်းကို ယမန်​နေ့က အသိ​ပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။