Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်တပ်က ၎င်းတို့အုပ်ချုပ်ရေးသက်တမ်းတိုးရန် အ​​​​ယောင်ပြကာလုံအစည်းအဝေးလုပ်

အကြမ်းဖက်စစ်တပ်၏ အယောင်ပြကာလုံအစည်းအဝေးကို ဒုတိယသမ္မတ(၂) ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်ချုပ်မင်းအောင်လှိုင်၊ ဒုတိယတပ်ချုပ်စိုးဝင်းနှင့် စစ်ကောင်စီဝန်ကြီးများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖျက်အာဏာသိမ်းခဲ့သည့် စစ်တပ်က ၎င်းတို့၏ အုပ်ချုပ်ရေး သက်တမ်းတိုးရန် အ​ယောင်ပြကာလုံအစည်းအဝေးကို ယနေ့(ဇန်နဝါရီ ၃၁ ရက်)ကျင်းပခဲ့သည်။

အကြမ်းဖက်စစ်တပ်က အရေးပေါ်အခြေအနေသက်တမ်းတိုးခြင်းဖြစ်သည်ဟုဆိုသော်လည်း အရေးပေါ်အခြေအနေကို ပြီးခဲ့သည့်နှစ်ကတည်းက နိုင်ငံတော်သမ္မတဦးဝင်းမြင့် လွှဲအပ်ပေးခြင်း မရှိဘဲ အတင်းအဓမ္မ အာဏာသိမ်းယူခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ အယောင်ပြကာလုံအစည်းအဝေးကို ဒုတိယသမ္မတ(၂) ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်ချုပ်မင်းအောင်လှိုင်၊ ဒုတိယတပ်ချုပ်စိုးဝင်းနှင့် စစ်ကောင်စီဝန်ကြီးများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ)ကို နိုင်ငံတော်သမ္မတ၊ သမ္မတ ၂ ဦး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၊ တပ်ချုပ်၊ ဒုတပ်ချုပ်၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် နိုင်ငံခြားရေးဝန်ကြီးစသည့် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် ကာလုံအစည်းအဝေး တစ်ကြိမ်မျှ မခေါ်ယူခဲ့ဘဲ ထိုစဉ်က ကာလုံတွင် ရွေးကောက်ခံအရပ်သား ၅ ဦးနှင့် တပ်ဘက်က ၆ ဦး ပါဝင်ခဲ့သည်။

ယနေ့ကျင်းပသော ကာလုံတွင် ရွေးကောက်ခံ အရပ်သားစစ်စစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တစ်ဦးသာပါဝင်ပြီး ကျန်ကာလုံအဖွဲ့ဝင်များသည် အကြမ်းဖက်စစ်တပ် ဘက်တော်သား၊ ပြည်သူရွေးကောက်ခံမဟုတ်သည့် အာဏာကို အတင်းအဓမ္မ ရယူလိုသူများဖြစ်သည်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်း စစ်တပ်က အပြစ်မဲ့ပြည်သူ ၁၅၀၃ ဦး သတ်ဖြတ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၁၈၃၈ ဦး ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့အပြင် ချင်း၊ ကရင်၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေးအပါအဝင် နိုင်ငံအနှံ့အပြား၌ အစုလိုက်အပြုံသတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်အသုံးပြုခြင်းအပါအဝင် ဆိုးရွား သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အကြမ်းဖက်စစ်တပ်က ကျူးလွန်နေသည်။

စစ်တပ်၏ ဖျက်ဆီးသတ်ဖြတ်မှုများကြောင့် အခြားနိုင်ငံ သို့မဟုတ် ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဦးရေသည်လည်း သိန်းချီရှိခဲ့ကြောင်း ကုလသမဂ္ဂအစီရင်ခံစာများ၌ ဖော်ပြသည်။

ပြည်သူရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၁ ဧပြီလဆန်းကတည်းက ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

အကြမ်းဖက်စစ်တပ်၏ အယောင်ပြကာလုံအစည်းအဝေးကို ဒုတိယသမ္မတ(၂) ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်ချုပ်မင်းအောင်လှိုင်၊ ဒုတိယတပ်ချုပ် စိုးဝင်းနှင့် စစ်ကောင်စီဝန်ကြီးများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းခဲ့သည့် (၁) နှစ်အတွင်း စစ်တပ်က အပြစ်မဲ့ပြည်သူ ၁,၅၀၃ ဦး သတ်ဖြတ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁,၁၈၃၈ ဦး ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့အပြင် ချင်း၊ ကရင်၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေးအပါအဝင် နိုင်ငံအနှံ့အပြား၌ အစုလိုက်အပြုံသတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်အသုံးပြုခြင်းအပါအဝင် ဆိုးရွား သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အကြမ်းဖက်စစ်တပ်က ကျူးလွန်နေသည်။

စစ်တပ်၏ ဖျက်ဆီးသတ်ဖြတ်မှုများကြောင့် အခြားနိုင်ငံ သို့မဟုတ် ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဦးရေသည်လည်း သိန်းချီရှိခဲ့ကြောင်း ကုလသမဂ္ဂအစီရင်ခံစာများ၌ ဖော်ပြသည်။

ပြည်သူရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၁ ဧပြီလဆန်းကတည်းက ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

သတင်း

သက်ဆိုင်ရာဒေသအလိုက် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် ကူညီသူများကို အရေးယူမည်ဟု ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

သတင်း

ကော်သူးလေအုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းကို ဆက်လက်ပြီး ပိုမိုလုပ်ဆောင်သွားရန်လည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ရည်ရွယ်ချက်ရှိသည်ဟု ပဒိုစောကလယ်စေးက ပြောသည်။