Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်က ၎င်းတို့အုပ်ချုပ်ရေးသက်တမ်းတိုးရန် အ​​​​ယောင်ပြကာလုံအစည်းအဝေးလုပ်

အကြမ်းဖက်စစ်တပ်၏ အယောင်ပြကာလုံအစည်းအဝေးကို ဒုတိယသမ္မတ(၂) ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်ချုပ်မင်းအောင်လှိုင်၊ ဒုတိယတပ်ချုပ်စိုးဝင်းနှင့် စစ်ကောင်စီဝန်ကြီးများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖျက်အာဏာသိမ်းခဲ့သည့် စစ်တပ်က ၎င်းတို့၏ အုပ်ချုပ်ရေး သက်တမ်းတိုးရန် အ​ယောင်ပြကာလုံအစည်းအဝေးကို ယနေ့(ဇန်နဝါရီ ၃၁ ရက်)ကျင်းပခဲ့သည်။

အကြမ်းဖက်စစ်တပ်က အရေးပေါ်အခြေအနေသက်တမ်းတိုးခြင်းဖြစ်သည်ဟုဆိုသော်လည်း အရေးပေါ်အခြေအနေကို ပြီးခဲ့သည့်နှစ်ကတည်းက နိုင်ငံတော်သမ္မတဦးဝင်းမြင့် လွှဲအပ်ပေးခြင်း မရှိဘဲ အတင်းအဓမ္မ အာဏာသိမ်းယူခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ အယောင်ပြကာလုံအစည်းအဝေးကို ဒုတိယသမ္မတ(၂) ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်ချုပ်မင်းအောင်လှိုင်၊ ဒုတိယတပ်ချုပ်စိုးဝင်းနှင့် စစ်ကောင်စီဝန်ကြီးများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ)ကို နိုင်ငံတော်သမ္မတ၊ သမ္မတ ၂ ဦး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၊ တပ်ချုပ်၊ ဒုတပ်ချုပ်၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် နိုင်ငံခြားရေးဝန်ကြီးစသည့် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် ကာလုံအစည်းအဝေး တစ်ကြိမ်မျှ မခေါ်ယူခဲ့ဘဲ ထိုစဉ်က ကာလုံတွင် ရွေးကောက်ခံအရပ်သား ၅ ဦးနှင့် တပ်ဘက်က ၆ ဦး ပါဝင်ခဲ့သည်။

ယနေ့ကျင်းပသော ကာလုံတွင် ရွေးကောက်ခံ အရပ်သားစစ်စစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တစ်ဦးသာပါဝင်ပြီး ကျန်ကာလုံအဖွဲ့ဝင်များသည် အကြမ်းဖက်စစ်တပ် ဘက်တော်သား၊ ပြည်သူရွေးကောက်ခံမဟုတ်သည့် အာဏာကို အတင်းအဓမ္မ ရယူလိုသူများဖြစ်သည်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်း စစ်တပ်က အပြစ်မဲ့ပြည်သူ ၁၅၀၃ ဦး သတ်ဖြတ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၁၈၃၈ ဦး ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့အပြင် ချင်း၊ ကရင်၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေးအပါအဝင် နိုင်ငံအနှံ့အပြား၌ အစုလိုက်အပြုံသတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်အသုံးပြုခြင်းအပါအဝင် ဆိုးရွား သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အကြမ်းဖက်စစ်တပ်က ကျူးလွန်နေသည်။

စစ်တပ်၏ ဖျက်ဆီးသတ်ဖြတ်မှုများကြောင့် အခြားနိုင်ငံ သို့မဟုတ် ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဦးရေသည်လည်း သိန်းချီရှိခဲ့ကြောင်း ကုလသမဂ္ဂအစီရင်ခံစာများ၌ ဖော်ပြသည်။

ပြည်သူရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၁ ဧပြီလဆန်းကတည်းက ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

အကြမ်းဖက်စစ်တပ်၏ အယောင်ပြကာလုံအစည်းအဝေးကို ဒုတိယသမ္မတ(၂) ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်ချုပ်မင်းအောင်လှိုင်၊ ဒုတိယတပ်ချုပ် စိုးဝင်းနှင့် စစ်ကောင်စီဝန်ကြီးများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းခဲ့သည့် (၁) နှစ်အတွင်း စစ်တပ်က အပြစ်မဲ့ပြည်သူ ၁,၅၀၃ ဦး သတ်ဖြတ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁,၁၈၃၈ ဦး ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့အပြင် ချင်း၊ ကရင်၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေးအပါအဝင် နိုင်ငံအနှံ့အပြား၌ အစုလိုက်အပြုံသတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်အသုံးပြုခြင်းအပါအဝင် ဆိုးရွား သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အကြမ်းဖက်စစ်တပ်က ကျူးလွန်နေသည်။

စစ်တပ်၏ ဖျက်ဆီးသတ်ဖြတ်မှုများကြောင့် အခြားနိုင်ငံ သို့မဟုတ် ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဦးရေသည်လည်း သိန်းချီရှိခဲ့ကြောင်း ကုလသမဂ္ဂအစီရင်ခံစာများ၌ ဖော်ပြသည်။

ပြည်သူရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၁ ဧပြီလဆန်းကတည်းက ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ စစ်အုပ်စုက ဥပဒေမဲ့ ပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါ စုစုပေါင်း ၆ဦးကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က နိုဝင်ဘာ ၂၅ရက် နေ့စွဲနဲ့ ထုတ်ပြန် ကြေညာပါတယ်။

သတင်း

မြို့ခံ ပြည်သူများ ပြန်လည်ရောက်ရှိပါက အဆင်ပြေစေရန် မြို့ပေါ် ရေသွယ်ယူရေး၊ ရှင်းလင်းရေးနှင့် တရားဥပဒေစိုးမိုးရေး အကောင်အထည်ဖော်ရန် တို့ကို တဆင့်ခြင်းလုပ်ဆောင်သွားမည်ဟု ဆိုသည်။

သတင်း

လက်ရှိတွင်မြို့အတွင်း အုပ်ချုပ်ရေး ကော်မတီအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ လူငယ်အဖွဲ့များဖွဲ့စည်းထားပြီးဖြစ်သည်ဟု ဖော်ပြသည်။