Connect with us

Hi, what are you looking for?

News

မြန်မာ့မီးရထားလုပ်ငန်းမှ ဦး​ဆောင်ညွန်ကြား​ရေးမှူးအပါအဝင်အရာရှိ ၄၉ ဦးကိုအမည်ပျက်စာရင်း​ကြေညာထုတ်ပယ်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့မီးရထားလုပ်ငန်းမှ အထက်ပါဝန်ထမ်းများကို အမည်ပျက်စာရင်းသွင်းလိုက်ပြီးဝန်ထမ်းအဖြစ်မှထုတ်ပစ် (Dismiss)လိုက်သည်ဟုပါရှိသည်။

မြန်မာ့မီးရထားလုပ်ငန်းမှ ဦးဆောင်ညွန့်ကြားရေးမှူး အပါအဝင် အရာရှိ ၄၉ ဦးကို အမည်ပျက်စာရင်းသွင်းကာ ဝန်ထမ်းအဖြစ်မှာထုတ်ပယ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ယနေ့ထုတ်ပြန်လိုက်သည်။

၎င်းတို့သည် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏လက်အောက်တွင် တာဝန်ထမ်းဆောင်နေ ပြီး CDM ဝန်ထမ်းများကို ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ် ပစ်ခြင်း၊ ဝန်ထမ်းများအတွက် အရပ်သားအစိုးရလက်ထက်က ထုတ်ပေးခဲ့သည့် ချေးငွေများကို အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်းများ စသည့် အမျိုးမျိုးသောဖိနှိပ်မှုများကိုကျူးလွန်နေခြင်းကြောင့်ဖြစ်သည်ဟု​ဖော်ပြထားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့မီးရထားလုပ်ငန်းမှ အထက်ပါဝန်ထမ်းများကို အမည်ပျက်စာရင်းသွင်းလိုက်ပြီးဝန်ထမ်းအဖြစ်မှထုတ်ပစ် (Dismiss)လိုက်သည်ဟုပါရှိသည်။

“အခုထုတ်ပစ်တဲ့အထဲမှာ CDMဝန်ထမ်းတွေကို ဖိအားပေးနေတဲ့ လူတွေကျန်သေးတယ်၊ မြန်မြန်အရေးယူစေချင်တယ်”ဟု မီးရထား CDMဝန်ထမ်းတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

NUGကထုတ်ပြန်သည့်မီးရထားဝန်ထမ်းများတွင်ဦးဆောင်
ညွန့်ကြားရေးမှူး ဦးအောင်မျိုးမြင့်ပါဝင်ပြီး၎င်းကိုစစ်ကောင်စီကခန့်အပ်ထားခြင်းဖြစ်သည်။

ထိုအပြင် အထွေထွေမန်နေဂျာများဖြစ်သည့် ဦးညီညီထွေး၊ ဦးမြင့်စိုး၊ ဦးအောင်ကျော်နိုင်၊ ဒေါ်သီသီနွယ်၊ ဦးစိုင်းသော်လင်းနှင့် ဦးနေမျိုးအေးတို့လည်းပါဝင်သည်။

၎င်းတို့ကို အကြမ်းဖက် စစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်ပဲ ဓမ္မဘက်မှရပ်တည်၍ ပြည်သူနှင့်တသားတည်းဖြစ် စေရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြစေရန် အကြိမ် ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်သည်ဟု NUGက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာအမည်ပျက်နိုင်ငံ (Black Lists )အဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က ကြေညာလိုက်ပါတယ်။

သတင်း

အမ်းမြို့နယ်ရှိ အာရက္ခတပ်​တော်(AA)ရဲ့အကျ‌ဉ်းစခန်းကို စစ်ကောင်စီဗုံးကြဲမှုမှာ စစ်သုံ့ပန်းဗိုလ်မှူးချုပ်မြင့်ရွှေအပါအဝင် အရာရှိအများအပြား​သေဆုံးခဲ့ပြီး စစ်တပ်အသိုင်းအဝိုင်းမှာ အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

ယောနသံ/People’s Spring လက်နက်မဲ့အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ပြီး သူရဲကောင်းတွေလို ဟစ်ကြွေးနေတဲ့ စစ်အုပ်စုဟာ အာရက္ခတပ်တော်(AA)ကိုတော့ အင်မတန်ကြောက်တယ်လို့ သတင်းကြီးပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ AAရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ဒူးထောက်အညံ့ခံရတဲ့ ဗိုလ်မှူးချုပ်တွေ၊ ထောင်ချီတဲ့ စစ်သုံ့ပန်းတွေရဲ့ သွင်ပြင်တွေက စစ်အုပ်စုပုံရိပ်ကိုအကြီးအကျယ်အထိနာစေခဲ့ပါတယ်။ အာဏာသိမ်းခေါင်းဆောင်အနေ နဲ့ AAကိုလက်နက်ချဖို့ စစ်သုံ့ပန်းဗိုလ်မှူးချုပ်တချို့က...

သတင်း

အာဏာသိမ်းစစ်တပ်အတွင်းအရာရှိများကအောက်ခြေစစ်သည် အခြား အဆင့်များကို ဖိနှိပ်မှုများ ၊ စစ်သည်များ၏ လစာရိက္ခာများကို ၎င်းတို့အကျိုးအတွက် အသုံးချမှုများစွာရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၌ ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်းများဖြစ်သည့် တပ်ကြပ်ကြီးသန်းအောင်နှင့် တပ်သားလွင်ဦးတို့က ထွက်ဆိုသည်။