Connect with us

Hi, what are you looking for?

News

ခန္ဓာကို မီးရှို့ပြီး စစ်အာဏာရှင်ဆန့်ကျင်ခဲ့သည့် ကိုအောင်အောင်အား ဦးညွှတ်ဂုဏ်ပြုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ဖော်ပြ

ကိုအောင်အောင်သည် အကြမ်းမဖက် အာဏာဖီဆန်ရေးနည်းလမ်းများအနက် အဆုံးစွန်သော နည်းလမ်းဖြစ်သည့် မိမိကိုကိုယ် မီးရှို့ဆန္ဒပြခြင်းအားဖြင့် တရားမဝင်အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအား လုံးဝလက်မခံကြောင်း အသက်နှင့်ရင်းကာ ဆန္ဒဖော်ပြခဲ့သူဖြစ်သည်ဟု ဖော်ပြသည်။

မိမိခန္ဓာကိုယ်ကို မီးရှို့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောက်ပန်းတောင်းမြို့မှ ကိုအောင်မြင့်မြတ်(ခေါ်) ကိုအောင်အောင်အား ပြည်သူ့ သူရဲကောင်း တစ်ဦးအဖြစ် မော်ကွန်းတင် ဦးညွှတ်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ကိုအောင်အောင်သည် အကြမ်းမဖက် အာဏာဖီဆန်ရေးနည်းလမ်းများအနက် အဆုံးစွန်သော နည်းလမ်းဖြစ်သည့် မိမိကိုကိုယ် မီးရှို့ဆန္ဒပြခြင်းအားဖြင့် တရားမဝင်အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအား လုံးဝလက်မခံကြောင်း အသက်နှင့်ရင်းကာ ဆန္ဒဖော်ပြခဲ့သူဖြစ်သည်ဟု ဖော်ပြသည်။

ကိုအောင်အောင်သည် ဖေဖော်ဝါရီ ၁ရက်က ကျောက်ပန်းတောင်းမြို့ လျှပ်စစ်ရုံးရှေ့တွင် ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်းမီးရှို့ဆန္ဒပြခဲ့ရာ ရရှိခဲ့သည့် ဒဏ်ရာများဖြင့် ယင်းနေ့ညပိုင်း၌ ကွယ်လွန်ခဲ့သည်။ ကိုအောင်အောင်နေဖြင့် အများပြည်သူ ပြည်သားများ ၂၄နာရီလုံးမီးလင်းစေလိုကြောင်း၊ စစ်အာဏာရှင် အုပ်စိုးခဲ့သည့် ၂၀၀၂ ကာလသို့ ပြန်မသွားလိုကြောင်း စာရေးသား ဆန္ဒပြခဲ့သည်။

ကျောက်ပန်းတောင်းမြို့သူ မြို့သားများသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အာဏာသိမ်းစကတည်းက စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့ရာ စစ်ကောင်စီက အကြမ်းဖက် ဖိနှိပ်မှုများ လက်ရှိ အချိန်ထိ လုပ်ဆောင်လျက်ရှိသည်။ မြို့နယ်သူ မြို့နယ်သားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ရာ နွေဦးတော်လှန်ရေး ကာလအတွင်း ကျောက်ပန်းတောင်းနယ်ခံ အနည်းဆုံး ၇ ဦးခန့် ကျဆုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ