Connect with us

Hi, what are you looking for?

LuduNwayOo

News

ခန္ဓာကို မီးရှို့ပြီး စစ်အာဏာရှင်ဆန့်ကျင်ခဲ့သည့် ကိုအောင်အောင်အား ဦးညွှတ်ဂုဏ်ပြုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ဖော်ပြ

ကိုအောင်အောင်သည် အကြမ်းမဖက် အာဏာဖီဆန်ရေးနည်းလမ်းများအနက် အဆုံးစွန်သော နည်းလမ်းဖြစ်သည့် မိမိကိုကိုယ် မီးရှို့ဆန္ဒပြခြင်းအားဖြင့် တရားမဝင်အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအား လုံးဝလက်မခံကြောင်း အသက်နှင့်ရင်းကာ ဆန္ဒဖော်ပြခဲ့သူဖြစ်သည်ဟု ဖော်ပြသည်။

မိမိခန္ဓာကိုယ်ကို မီးရှို့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောက်ပန်းတောင်းမြို့မှ ကိုအောင်မြင့်မြတ်(ခေါ်) ကိုအောင်အောင်အား ပြည်သူ့ သူရဲကောင်း တစ်ဦးအဖြစ် မော်ကွန်းတင် ဦးညွှတ်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ကိုအောင်အောင်သည် အကြမ်းမဖက် အာဏာဖီဆန်ရေးနည်းလမ်းများအနက် အဆုံးစွန်သော နည်းလမ်းဖြစ်သည့် မိမိကိုကိုယ် မီးရှို့ဆန္ဒပြခြင်းအားဖြင့် တရားမဝင်အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအား လုံးဝလက်မခံကြောင်း အသက်နှင့်ရင်းကာ ဆန္ဒဖော်ပြခဲ့သူဖြစ်သည်ဟု ဖော်ပြသည်။

ကိုအောင်အောင်သည် ဖေဖော်ဝါရီ ၁ရက်က ကျောက်ပန်းတောင်းမြို့ လျှပ်စစ်ရုံးရှေ့တွင် ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်းမီးရှို့ဆန္ဒပြခဲ့ရာ ရရှိခဲ့သည့် ဒဏ်ရာများဖြင့် ယင်းနေ့ညပိုင်း၌ ကွယ်လွန်ခဲ့သည်။ ကိုအောင်အောင်နေဖြင့် အများပြည်သူ ပြည်သားများ ၂၄နာရီလုံးမီးလင်းစေလိုကြောင်း၊ စစ်အာဏာရှင် အုပ်စိုးခဲ့သည့် ၂၀၀၂ ကာလသို့ ပြန်မသွားလိုကြောင်း စာရေးသား ဆန္ဒပြခဲ့သည်။

ကျောက်ပန်းတောင်းမြို့သူ မြို့သားများသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အာဏာသိမ်းစကတည်းက စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့ရာ စစ်ကောင်စီက အကြမ်းဖက် ဖိနှိပ်မှုများ လက်ရှိ အချိန်ထိ လုပ်ဆောင်လျက်ရှိသည်။ မြို့နယ်သူ မြို့နယ်သားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ရာ နွေဦးတော်လှန်ရေး ကာလအတွင်း ကျောက်ပန်းတောင်းနယ်ခံ အနည်းဆုံး ၇ ဦးခန့် ကျဆုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။