Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်တပ်နဲ့ အာဏာခွဲဝေရေးကိစ္စ တိုက်တွန်းခဲ့တာ မဟုတ်ကြောင်း ကုလသမဂ္ဂ ကိုယ်စားလှယ် ပြန်ရှင်းလင်း

CNAနဲ့ အင်တာဗျူးမှာ ဟေဇာက မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ဘုံသဘောတူတဲ့ ဆန္ဒတွေ ရှာဖွေဖို့ တိုက်တွန်းခဲ့ပြီး အာဏာဝေမျှရေး အပါအဝင် စေ့စပ်ဆွေးနွေးမှု လုပ်ငန်းစဉ်တွေ လိုအပ်မယ့်သဘော ရှိလာနိုင်တယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ဝေဖန်မှုတွေ မြင့်တက်လာတဲ့နောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်း ဟေဇာက အာဏာသိမ်း စစ်တပ်နဲ့ အာဏာခွဲဝေရေးကိစ္စ ညှိနှိုင်းသင့်ကြောင်း သူ့ရဲ့ မှတ်ချက်စကားဟာ နားလည်မှု လွဲမှားသွားတာသာ ဖြစ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

ဟေဇာရဲ့ ရုံးဌာနက ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေနဲ့ အသုံးအနှုန်းကြောင့် နားလည်မှု လွဲသွားတာနဲ့ ပတ်သက်လို့ စိတ်မကောင်း ဖြစ်နေကြောင်း ထုတ်ပြန်ပါတယ်။ စင်ကာပူ အခြေစိုက် CNA သတင်းဌာနနဲ့ အင်တာဗျူးမှာ ဟေဇာက အာဏာသိမ်း မြန်မာ စစ်တပ်နဲ့ အာဏာခွဲဝေရေး ညှိနှိုင်းတာဟာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းမယ့် အဆိုပြု နည်းလမ်း တစ်ခုလို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ မြန်မာ တစ်နိုင်ငံလုံးကို နိုင်နိုင်နင်းနင်း စီမံခန့်ခွဲ အုပ်ချုပ်နေနိုင်ပြီလို့လည်း သူက CNAကို ပြောခဲ့ပါသေးတယ်။ ဒီစကားတွေက အဖိနှိပ်ခံ မြန်မာပြည်သူတွေအတွက် အကြီးအကျယ် ဒေါသထွက်စရာ ဖြစ်ခဲ့သလို ဟေဇာအပေါ် ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။ မြန်မာနိုင်ငံရဲ့ အရပ်ဖက် အဖွဲ့အစည်း ၂၄၇ ခုကလည်း ဟေဇာရဲ့ အဆိုပြုချက်ဟာ ဘယ်လို အကြောင်းနဲ့မှ လက်ခံနိုင်စရာ မရှိကြောင်း သဘောထား ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။

အဆိုးယုတ်ဆုံး လုပ်ရပ်တွေ ကျူးလွန်နေတဲ့ စစ်တပ်နဲ့ နောက်တစ်ခါ ထပ်ညှိဖို့ အကြံပေးတယ် ဆိုကတည်းက ဟေဇာဟာ လက်ရှိ ယူထားတဲ့ ရာထူးနဲ့တောင် မထိုက်တန်တော့ဘူးဆိုတဲ့ ထောက်ပြမှုတွေပါ ရှိလာခဲ့ပါတယ်။ ဟေဇာရဲ့ ရုံးဌာနက ပြန်လည် ဖြေရှင်းမှုမှာတော့ ဟေဇာဟာ စစ်တပ်နဲ့ အာဏာ ဝေမျှရေး အမြင်ကို ဘယ်တုန်းကမှ အဆိုမပြုခဲ့ကြောင်း၊ မြန်မာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ အမြင်ကို ထင်ဟပ်စေတဲ့ ၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကိုသာ အစဉ်တစိုက် ထောက်ခံရပ်တည်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

CNAနဲ့ အင်တာဗျူးမှာ ဟေဇာက မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ဘုံသဘောတူတဲ့ ဆန္ဒတွေ ရှာဖွေဖို့ တိုက်တွန်းခဲ့ပြီး အာဏာဝေမျှရေး အပါအဝင် စေ့စပ်ဆွေးနွေးမှု လုပ်ငန်းစဉ်တွေ လိုအပ်မယ့်သဘော ရှိလာနိုင်တယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

CNAက ပုံနှိပ် ထုတ်ဝေတဲ့ အပိုင်းမှာတော့ ဟေဇာက အာဏာသိမ်း မြန်မာစစ်တပ်ဟာ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ ကဏ္ဍတစ်ခု ပါဝင်ပတ်သက်နေရဦးမယ်လို့ ပြောကြားထားတာ တွေ့ရပါတယ်။ မြန်မာစစ်တပ်ဟာ ဥပဒေနဲ့ ညီညွတ်တဲ့ အစိုးရ အဖွဲ့မျိုး မဟုတ်ကြောင်း၊ ဒါပေမဲ့ ဒီအခြေအနေကြောင့် သူတို့ ပါဝင် ဆောင်ရွက်ရမယ့် အခန်းကဏ္ဍ မရှိတော့ဘူးလို့ မယူဆသင့်ကြောင်း၊ စစ်တပ်ရဲ့ ရပ်တည်မှုက တရားဝင်ပြီး လောလောဆယ် အစိုးရ အနေနဲ့တော့ တရားမဝင်ကြောင်း ဟေဇာက CNAကို ပြောခဲ့ပါတယ်။

ပြည်သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရဆီကနေ အဓမ္မ အာဏာသိမ်းခဲ့တဲ့အပြင် နိုင်ငံ အနှံ့အပြားမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျ သတ်ဖြတ်မှုတွေ ဆက်တိုက် ကျူးလွန်နေတဲ့ စစ်တပ်ကို နိုင်ငံရေး စကားဝိုင်းထဲ ပြန်ထည့်သင့်တယ်ဆိုတဲ့ ဟေဇာရဲ့ မှတ်ချက် စကားက နောက်ဆက်တွဲ ဂယက်တွေ အများကြီး ရိုက်ခတ်လာစေခဲ့ပါတယ်။

ဟေဇာက မြန်မာနိုင်ငံမှာ သတ်ဖြတ်မှုတွေ ပိုဆိုးရွားလာနေပြီး ဒါတွေကို အမှန်တကယ် ရပ်တန့်ဖို့ နည်းလမ်းရှာရမယ်လို့လည်း CNAကို ပြောခဲ့ပါသေးတယ်။ ဒါ့အပြင် စစ်တပ်ကို ဆန့်ကျင် တော်လှန်နေတဲ့ မြန်မာ လူငယ်တွေကိုလည်း ခံယူချက် အရမ်းမပြင်းထန်ဘဲ ရေရှည်ကို ကြည့်ဖို့ သူက တိုက်တွန်းခဲ့ပါသေးတယ်။

အာဏာသိမ်းမှု တစ်နှစ်ပြည့် ကာလမှာ ထွက်ပေါ်လာတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အင်တာဗျူးက ပွဲဆူစေခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပြန်လည် ဖြေရှင်းမှုမှာတော့ ဟေဇာက ငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီရေးတွေနဲ့ ပတ်သက်ရင် မြန်မာ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ထပ်တူကျပြီး ယုံကြည်စိတ်ချရတဲ့ လမ်းကြောင်းမျိုးကနေ ဖော်ဆောင်ဖို့ အလေးပေးသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်