Connect with us

Hi, what are you looking for?

News

မင်းကင်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ဗိုလ်ကြီးတစ်ဦးအ​လောင်း​တွေ့ဟု ဗိုလ်သံလုံး​ပြော

ဇန်နဝါရီ ၃၁ရက်ကစ၍ အင်အား၂၀၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့သည် ကနီမြို့ နယ်မှ မင်းကင်းမြို့နယ်သို့ ဝင်ရောက်ခဲ့ရာ ဒေသခံမဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

မင်းကင်းမြို့နယ်တိုက်ပွဲတွင် သေဆုံးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး၏ အလောင်းအားတွေ့ရှိကြောင်း မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြစ်ရိုးအောက်ဒေသခေါင်းဆောင် ဗိုလ်သံလုံးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖောဖော်ဝါရီ ၅ ရက်) ညပိုင်းကတွေ့ရှိခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးသည် တပ်ရင်း (၁၀၁)မှ ဖြစ်သည်။

“ဇန်နဝါရီ ၃၁ရက်ကဖြစ်တဲ့ တိုက်ပွဲမှာသေတာ။ဖြစ်တာက မင်းကင်း ဘင်ကျွန်းရွာမှာ မိုင်းမိတာပဲ ပြောရမယ်။ဖြစ်သလို သဂြိုလ်ခဲ့တာ။ပုပ်နေတာ အနားတောင် မနည်းကပ်ယူရတယ်။အဲဒီနေ့က သူတို့ဘက်က ၁၅ ယောက်ထက်မနည်းသေတယ်။မနက်မှ ဒီကောင်တွေအလောင်းတွေကို ထပ်ရှာရမယ်”ဟု ဗိုလ်သံလုံးက ပြောသည်။

ဇန်နဝါရီ ၃၁ရက်ကစ၍ အင်အား၂၀၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့သည် ကနီမြို့ နယ်မှ မင်းကင်းမြို့နယ်သို့ ဝင်ရောက်ခဲ့ရာ ဒေသခံမဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

Public Service Announcement

Public Service Announcement

အထိနာခဲ့သောအကြမ်းဖက်စစ်တပ်က မင်းကင်းမြို့နယ်ရှိ အိမ်ခြေ ၂၀၀ခန့်ရှိ ဘင်ရွာမှအိမ်ခြေ ၁၅၀ကျော်ခန့်ကို မီးရှို့ခဲ့သည်။

အလားတူ အနောက်တောကျေးရွာသုံးအိမ်၊ အုန္နဲဘုတ်ကျေးရွာ မှ လေးအိမ်နှင့် တဲတန်းကျေးရွာ ၂၇ အိမ်ကိုလည်း အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံပြည်သူများကို လူသားဒိိုင်းအဖြစ် အသုံးပြုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။