Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းကင်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ဗိုလ်ကြီးတစ်ဦးအ​လောင်း​တွေ့ဟု ဗိုလ်သံလုံး​ပြော

ဇန်နဝါရီ ၃၁ရက်ကစ၍ အင်အား၂၀၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့သည် ကနီမြို့ နယ်မှ မင်းကင်းမြို့နယ်သို့ ဝင်ရောက်ခဲ့ရာ ဒေသခံမဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

မင်းကင်းမြို့နယ်တိုက်ပွဲတွင် သေဆုံးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး၏ အလောင်းအားတွေ့ရှိကြောင်း မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြစ်ရိုးအောက်ဒေသခေါင်းဆောင် ဗိုလ်သံလုံးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖောဖော်ဝါရီ ၅ ရက်) ညပိုင်းကတွေ့ရှိခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးသည် တပ်ရင်း (၁၀၁)မှ ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဇန်နဝါရီ ၃၁ရက်ကဖြစ်တဲ့ တိုက်ပွဲမှာသေတာ။ဖြစ်တာက မင်းကင်း ဘင်ကျွန်းရွာမှာ မိုင်းမိတာပဲ ပြောရမယ်။ဖြစ်သလို သဂြိုလ်ခဲ့တာ။ပုပ်နေတာ အနားတောင် မနည်းကပ်ယူရတယ်။အဲဒီနေ့က သူတို့ဘက်က ၁၅ ယောက်ထက်မနည်းသေတယ်။မနက်မှ ဒီကောင်တွေအလောင်းတွေကို ထပ်ရှာရမယ်”ဟု ဗိုလ်သံလုံးက ပြောသည်။

ဇန်နဝါရီ ၃၁ရက်ကစ၍ အင်အား၂၀၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့သည် ကနီမြို့ နယ်မှ မင်းကင်းမြို့နယ်သို့ ဝင်ရောက်ခဲ့ရာ ဒေသခံမဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

အထိနာခဲ့သောအကြမ်းဖက်စစ်တပ်က မင်းကင်းမြို့နယ်ရှိ အိမ်ခြေ ၂၀၀ခန့်ရှိ ဘင်ရွာမှအိမ်ခြေ ၁၅၀ကျော်ခန့်ကို မီးရှို့ခဲ့သည်။

အလားတူ အနောက်တောကျေးရွာသုံးအိမ်၊ အုန္နဲဘုတ်ကျေးရွာ မှ လေးအိမ်နှင့် တဲတန်းကျေးရွာ ၂၇ အိမ်ကိုလည်း အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံပြည်သူများကို လူသားဒိိုင်းအဖြစ် အသုံးပြုခဲ့သည်။

Public Service Announcement

Public Service Announcement