Connect with us

Hi, what are you looking for?

News

KNUနယ်မြေတွင် ဇန်နဝါရီအတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၄၀၀ခန့် သေဟု ထုတ်ပြန်

တိုက်ပွဲများအတွင်း KNUတပ်ဖွဲ့ဝင် ၇ဦးကျဆုံးခဲ့ပြီး ၂၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ဇန်နဝါရီ၌ တိုက်ပွဲ ၄၃၅ ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံတပ်များမှ ၃၉၉ဦးသေဆုံးပြီး ၃၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို သတင်းနှင့် ပြန်ကြားရေးက ယနေ့ထုတ်ပြန်သည်။

KNUလက်အောက်ခံတပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO နှင့် အာဏာသိမ်း စစ်ကောင်စီတပ် ၊ နယ်ခြားစောင့် တပ် BGF တို့အကြား ဇန်နဝါရီအတွင်း ထိတွေ့ပစ်ခတ်မှုအခြေအနေများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း KNUတပ်ဖွဲ့ဝင် ၇ဦးကျဆုံးခဲ့ပြီး ၂၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြသည်။

အာဏာသိမ်း စစ်ကောင်စီ၏တပ်များနှင့် နယ်ခြားစောင့်တပ်(BGF)တပ်များမှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာ နှင့် လုပ်ငန်းခွင်များအတွင်းသို့ နေ့တိုင်းနီးပါး လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်နှင့် တပ်မဟာ(၆) ဒူးပလာယာခရိုင် နယ်မြေများတွင် အာဏာသိမ်း စစ်ကောင်စီမှ ပြည်သူလူထု များနေထိုင်ရာကျေးရွာနှင့် လုပ်ငန်းခွင်များ အတွင်းသို့ လေယာဉ်ဖြင့် ဗုံးကြဲမှုများရှိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ အာဏာသိမ်း စစ်ကောင်စီ၏တပ်များ နှင့် နယ်ခြားစောင့်တပ်များမှ လက်နက်ကြီးများပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကြဲမှုတို့ကြောင့် ပြည်သူလူထု ၁၂ဦးသေဆုံးခဲ့ပြီး ၃၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

KNU တပ်မဟာ(၁)နယ်မြေ ဒူးသထူခရိုင် ၊ တပ်မဟာ(၃)နယ်မြေ ညောင်လေး ပင်ခရိုင် ၊ တပ်မဟာ(၄)နယ်မြေ ဘိတ်ထားဝယ်ခရိုင်၊ တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်နှင့် တပ်မဟာ(၆) ဒူးပလာယာခရိုင် များ၌ အာဏာသိမ်း စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုကြောင့် ပြည်သူလူထုခုနစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

Facebook