Connect with us

Hi, what are you looking for?

ဗီဒီယို

YBS ရဲ့ လိုင်းနံပတ်အချို့ကို ပြောင်းပစ်မယ်

ယာဥ်လိုင်းနံပါတ်တွေပြောင်းပြီးပြေးဆွဲဖို့စီစဥ်တာက ယတြာတွေကို ယုံကြည်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အစီအရင်ဖြစ်နိုင်ကြောင်း သုံးသပ်သူများလည်းရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက်မှာ ယာဥ်လိုင်းအချို့ကို နံပါတ်တွေပြောင်းပြီး ပြေးဆွဲဖို့ရှိပါတယ်။

ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC က ယာဥ်လိုင်းနံပါတ်တူ ဂိတ်စ ဂိတ်ဆုံးမတူတဲ့ ယာဥ်လိုင်းအချို့ကို ယာဥ်လိုင်းနံပါတ်အသစ်တွေနဲ့ ပြေးဆွဲမယ်လို့ သတင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ယာဥ်လိုင်းနံပါတ်တွေပြောင်းပြီးပြေးဆွဲဖို့စီစဥ်တာက ယတြာတွေကို ယုံကြည်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အစီအရင်ဖြစ်နိုင်ကြောင်း သုံးသပ်သူများလည်းရှိပါတယ်။

ပြည်သူ့အစိုးရလက်ထက်မှာ စတင်အကောင်အထည်ဖော်ခဲ့တဲ့ YBS စနစ်က နေသားတကျဖြစ်လာချိန်မှာ ခုလိုအပြောင်းအလဲလုပ်တာက ပြည်သူတွေကို အခက်တွေ့စေတယ်လို့ YBS စီးနင်းသူအချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဂိတ်စ ဂိတ်ဆုံးမတူတဲ့ ယာဥ်လိုင်း ၁၅ ခုကနေ အသစ်စတင်ပြေးဆွဲမယ့် ယာဥ်လိုင်း ၂၂ ခုရှိတယ်လို့ YRTC ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂိတ်စ ဂိတ်ဆုံးမတူဘဲ နံပါတ်တူနဲ့ ပြေးဆွဲနေတာက ပြည်သူများအခက်အခဲဖြစ်နိုင်တာကြောင့် ခရီးသွားတွေ အဆင်ပြေလွယ်ကူစွာသွားလာနိုင်ဖို့ ယာဥ်နံပါတ်​တွေပြောင်းလဲ ပြေးဆွဲတာ​ဖြစ်တယ်လို့ YRTC ရဲ့ တွဲဖက်အတွင်းရေးမှုး ဦးလျန်ကျင့်မန်က ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။