Connect with us

Hi, what are you looking for?

News

မင်းတပ်မြို့ တိုက်နယ်သုံးခုသို့ စစ်​ကောင်စီစစ်​ကြောင်းထိုးလာနိုင်၍ ​ဒေသများသတိရှိကြရန် CDF မင်းတပ် သတိ​ပေး

ပြည်သူများ ခရီးဝေးသွားလာခြင်းမပြုပဲ ရန်သူ့သတင်း နားစွန့်ကြပါ။စစ်ကြောင်း ထိုးမဲ့အခြေနေရှိပါတယ်”ဟု CDF မင်းတပ် တပ်ဖွဲ့ဝင်တစ်ဦးက သတိပေး ထားသည်။

(အကြမ်းဖက်စစ်​ကောင်စီ​၏ ပစ်ခတ်မှု​ကြောင့် ​နေအိမ်များ ပျက်စီး​နေသည်ကို ​တွေ့ရစဥ်)

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်သုံးခုသို့ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးလာနိုင်၍ ဒေသခံပြည်သူများ သတိရှိကြရန် မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF Mindat)က ယနေ့ သတိပေးသည်။

မင်းတပ်မြို့ တိုက်နယ် အမှတ် ၁၊၂နှင့် ၃ တို့အား အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးလာနိုင်သည်ဟု CDF မင်းတပ်က ဆိုသည်။

“မိဘပြည်သူများ ခရီးဝေးသွားလာခြင်းမပြုပဲ ရန်သူ့သတင်း နားစွန့်ကြပါ။စစ်ကြောင်း ထိုးမဲ့အခြေနေရှိပါတယ်”ဟု CDF မင်းတပ် တပ်ဖွဲ့ဝင်တစ်ဦးက သတိပေး ထားသည်။

အကြမ်းဖက် စစ်​ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့နယ်ထဲရှိ ကျေးရွာများဘက်သို့ အဝေးပစ်လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟုလည်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၇ ရက်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ လျှို‌မြောင်ထဲတွင် ပုန်းအောင်းနေသော (၇)တန်းကျောင်းသားလေးတစ်ဦး လက်နက်ကြီးထိမှန်ပြီး နေရာတွင် သေဆုံးခဲ့သည်။

ထို့အပြင် စစ်ကောင်စီကပစ်ခတ်သည့် တာဝေးပစ်လက်နက်ကြီးများကြောင့် ကျေးရွာနေအိမ်များ ပျက်စီးမှုများလည်း ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။