ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်သုံးခုသို့ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးလာနိုင်၍ ဒေသခံပြည်သူများ သတိရှိကြရန် မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF Mindat)က ယနေ့ သတိပေးသည်။
မင်းတပ်မြို့ တိုက်နယ် အမှတ် ၁၊၂နှင့် ၃ တို့အား အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးလာနိုင်သည်ဟု CDF မင်းတပ်က ဆိုသည်။
“မိဘပြည်သူများ ခရီးဝေးသွားလာခြင်းမပြုပဲ ရန်သူ့သတင်း နားစွန့်ကြပါ။စစ်ကြောင်း ထိုးမဲ့အခြေနေရှိပါတယ်”ဟု CDF မင်းတပ် တပ်ဖွဲ့ဝင်တစ်ဦးက သတိပေး ထားသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့နယ်ထဲရှိ ကျေးရွာများဘက်သို့ အဝေးပစ်လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟုလည်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement
ဖေဖော်ဝါရီ ၇ ရက်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ လျှိုမြောင်ထဲတွင် ပုန်းအောင်းနေသော (၇)တန်းကျောင်းသားလေးတစ်ဦး လက်နက်ကြီးထိမှန်ပြီး နေရာတွင် သေဆုံးခဲ့သည်။
ထို့အပြင် စစ်ကောင်စီကပစ်ခတ်သည့် တာဝေးပစ်လက်နက်ကြီးများကြောင့် ကျေးရွာနေအိမ်များ ပျက်စီးမှုများလည်း ရှိနေသည်ဟု ထုတ်ပြန်ထားသည်။


















































