Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

Totalနဲ့ Chevron တို့ နေရာကို အစားထိုး ဝင်လာဖွယ်ရှိတဲ့ ထိုင်းရဲ့ PTTEP

အမေရိကန်ရဲ့ Chevron နဲ့ ပြင်သစ်ရဲ့ Totalတို့ဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင်ကြောင်း ပြသတဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်း ဆောင်ရွက်မှုတွေကို ရုပ်သိမ်းသွားခဲ့ပါတယ်။ PTTEP ဟာ မြန်မာနိုင်ငံက ရတနာ ဓာတ်ငွေ့ ပရောဂျက်နဲ့ မုတ္တမ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေမှာ ပါဝင် ရင်းနှီး မြှုပ်နှံထားပါတယ်။

Total နဲ့ Chevron တို့လို ကုမ္ပဏီကြီးတွေ ထွက်ခွာသွားချိန်မှာ လစ်လပ်သွားတဲ့ မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ကွက်တွေကို ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီက လက်လွှဲယူဖွယ် ရှိနေကြောင်း သိရပါတယ်။

အမေရိကန်ရဲ့ Chevron နဲ့ ပြင်သစ်ရဲ့ Totalတို့ဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင်ကြောင်း ပြသတဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်း ဆောင်ရွက်မှုတွေကို ရုပ်သိမ်းသွားခဲ့ပါတယ်။ PTTEP ဟာ မြန်မာနိုင်ငံက ရတနာ ဓာတ်ငွေ့ ပရောဂျက်နဲ့ မုတ္တမ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေမှာ ပါဝင် ရင်းနှီး မြှုပ်နှံထားပါတယ်။

အခုအခါ PTTEP ရဲ့ လက်တွဲဖော်ဟောင်းတွေ ဖြစ်ကြတဲ့ Totalနဲ့ Chevronတို့က မြန်မာနိုင်ငံက ဆုတ်ခွာသွားပြီ ဖြစ်တဲ့နောက် လစ်လပ်သွားတဲ့ နေရာမှာ ထိုင်းကုမ္ပဏီကြီးက ဝင်ရောက်လာနိုင်ကြောင်း ခန့်မှန်းမှုတွေ အတော်လေး အသံကျယ်လာပါတယ်။ PTTEP က Totalနဲ့ Chevron တို့ရဲ့ ရှယ်ယာတွေကို လက်လွှဲယူဖို့ ကမ်းလှမ်းထားပြီး အာဏာသိမ်း စစ်ကောင်စီက ဒီအဆိုပြုချက်ကို စဉ်းစားနေကြောင်း နီးစပ်သူတွေက ပြောပါတယ်။

PTTEP ကတော့ ဒီကိစ္စကို ငြင်းဆိုတာ၊ ဝန်ခံတာ ဘာမှ မရှိသေးဘဲ နှုတ်ဆိတ်နေဆဲပါ။ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဌာန ဒုတိယ ဥက္ကဋ္ဌ အိုရာချောင် အူရာမာပွန်က သူတို့ဟာ Totalဆီက အသိပေးစာတစ်စောင် လက်ခံ ရရှိထားပေမယ့် Chevronကတော့ ဘာမှ အကြောင်းမကြားသေးဘူးလို့ ဆိုပါတယ်။
လောလောဆယ် မြန်မာနိုင်ငံမှာ ကုမ္ပဏီက ဘယ်လို လမ်းကြောင်းမျိုး ရွေးချယ် ရှေ့ဆက်မလဲ ဆိုတာကို အမှုဆောင်တွေ တိုင်ပင်နေကြဆဲဖြစ်ပြီး လာမယ့် လဆန်းပိုင်းလောက်ကျရင် ဆုံးဖြတ်ချက် တစ်ခုခုကို အများပြည်သူ ရှေ့မှောက် ချပြဖို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မုတ္တမ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီရဲ့ ရှယ်ယာ ၃၁.၂၄ ရာခိုင်နှုန်းကို Totalက ပိုင်ဆိုင်ပြီး Chevronက ၂၈.၃ ရာခိုင်နှုန်း၊ PTTEPက ၂၅.၅ ရာခိုင်နှုန်းစီ အသီးသီး ထိန်းချုပ်ထားပါတယ်။ ကျန်တဲ့ ရှယ်ယာတွေကိုတော့ မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းက ပိုင်ဆိုင်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် စစ်ကောင်စီအတွက် အဓိက ဝင်ငွေ ရင်းမြစ် လမ်းကြောင်း တစ်ခုဖြစ်တဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေး ကဏ္ဍမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြဖို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ကမ္ဘာတလွှားမှာ အပူဒဏ်ပိမှုဟာ စံချိန်တင် အဆင့်ထိ မြင့်တက်လာပြီး ကုလသမဂ္ဂက အာရှရဲ့ အပူချိန်ဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...