Connect with us

Hi, what are you looking for?

ဗီဒီယို

Totalနဲ့ Chevron တို့ နေရာကို အစားထိုး ဝင်လာဖွယ်ရှိတဲ့ ထိုင်းရဲ့ PTTEP

အမေရိကန်ရဲ့ Chevron နဲ့ ပြင်သစ်ရဲ့ Totalတို့ဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင်ကြောင်း ပြသတဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်း ဆောင်ရွက်မှုတွေကို ရုပ်သိမ်းသွားခဲ့ပါတယ်။ PTTEP ဟာ မြန်မာနိုင်ငံက ရတနာ ဓာတ်ငွေ့ ပရောဂျက်နဲ့ မုတ္တမ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေမှာ ပါဝင် ရင်းနှီး မြှုပ်နှံထားပါတယ်။

Total နဲ့ Chevron တို့လို ကုမ္ပဏီကြီးတွေ ထွက်ခွာသွားချိန်မှာ လစ်လပ်သွားတဲ့ မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ကွက်တွေကို ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီက လက်လွှဲယူဖွယ် ရှိနေကြောင်း သိရပါတယ်။

အမေရိကန်ရဲ့ Chevron နဲ့ ပြင်သစ်ရဲ့ Totalတို့ဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင်ကြောင်း ပြသတဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်း ဆောင်ရွက်မှုတွေကို ရုပ်သိမ်းသွားခဲ့ပါတယ်။ PTTEP ဟာ မြန်မာနိုင်ငံက ရတနာ ဓာတ်ငွေ့ ပရောဂျက်နဲ့ မုတ္တမ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေမှာ ပါဝင် ရင်းနှီး မြှုပ်နှံထားပါတယ်။

အခုအခါ PTTEP ရဲ့ လက်တွဲဖော်ဟောင်းတွေ ဖြစ်ကြတဲ့ Totalနဲ့ Chevronတို့က မြန်မာနိုင်ငံက ဆုတ်ခွာသွားပြီ ဖြစ်တဲ့နောက် လစ်လပ်သွားတဲ့ နေရာမှာ ထိုင်းကုမ္ပဏီကြီးက ဝင်ရောက်လာနိုင်ကြောင်း ခန့်မှန်းမှုတွေ အတော်လေး အသံကျယ်လာပါတယ်။ PTTEP က Totalနဲ့ Chevron တို့ရဲ့ ရှယ်ယာတွေကို လက်လွှဲယူဖို့ ကမ်းလှမ်းထားပြီး အာဏာသိမ်း စစ်ကောင်စီက ဒီအဆိုပြုချက်ကို စဉ်းစားနေကြောင်း နီးစပ်သူတွေက ပြောပါတယ်။

PTTEP ကတော့ ဒီကိစ္စကို ငြင်းဆိုတာ၊ ဝန်ခံတာ ဘာမှ မရှိသေးဘဲ နှုတ်ဆိတ်နေဆဲပါ။ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဌာန ဒုတိယ ဥက္ကဋ္ဌ အိုရာချောင် အူရာမာပွန်က သူတို့ဟာ Totalဆီက အသိပေးစာတစ်စောင် လက်ခံ ရရှိထားပေမယ့် Chevronကတော့ ဘာမှ အကြောင်းမကြားသေးဘူးလို့ ဆိုပါတယ်။
လောလောဆယ် မြန်မာနိုင်ငံမှာ ကုမ္ပဏီက ဘယ်လို လမ်းကြောင်းမျိုး ရွေးချယ် ရှေ့ဆက်မလဲ ဆိုတာကို အမှုဆောင်တွေ တိုင်ပင်နေကြဆဲဖြစ်ပြီး လာမယ့် လဆန်းပိုင်းလောက်ကျရင် ဆုံးဖြတ်ချက် တစ်ခုခုကို အများပြည်သူ ရှေ့မှောက် ချပြဖို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မုတ္တမ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီရဲ့ ရှယ်ယာ ၃၁.၂၄ ရာခိုင်နှုန်းကို Totalက ပိုင်ဆိုင်ပြီး Chevronက ၂၈.၃ ရာခိုင်နှုန်း၊ PTTEPက ၂၅.၅ ရာခိုင်နှုန်းစီ အသီးသီး ထိန်းချုပ်ထားပါတယ်။ ကျန်တဲ့ ရှယ်ယာတွေကိုတော့ မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းက ပိုင်ဆိုင်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် စစ်ကောင်စီအတွက် အဓိက ဝင်ငွေ ရင်းမြစ် လမ်းကြောင်း တစ်ခုဖြစ်တဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေး ကဏ္ဍမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြဖို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။