Connect with us

Hi, what are you looking for?

News

တီးတိန်မြို့နယ်တွင် စစ်​ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ ၁၀ဦးထက်မနည်း​သေကြောင်း PDFနှစ်ဖွဲ့ထုတ်ပြန်

ယနေ့(ဖေဖော်ဝါရီ ၁၅) မနက်ပိုင်းတွင် ဖလမ်းမြို့မှ တီးတိန်မြို့သို့ မောင်းနှင်လာသည့် အကြမ်းဖက်စစ်ကောင်စီ ယာဉ် ၂၃ စီးပါဝင်​သောယာဉ်တန်းကို ဇောင်ကုန်ရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် PDF-Zolandက ထုတ်ပြန်ထားသည်။

(တိုက်ပွဲဖြစ်ပွားခဲ့​သောတီးတိန်မြို့နယ် ဇောင်းကုန်းရွာ ၊ဓာတ်ပုံ-CJ)

ချင်းပြည်နယ် တီးတိန်မြို့နယ်၊ဇောင်ကုန်ရွာတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှစ်ခုက မိုင်းခွဲတိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးထပ်မနည်းသေဆုံးခဲ့​ကြောင်း ဒေသခံကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၁၅) မနက်ပိုင်းတွင် ဖလမ်းမြို့မှ တီးတိန်မြို့သို့ မောင်းနှင်လာသည့် အကြမ်းဖက်စစ်ကောင်စီ ယာဉ် ၂၃ စီးပါဝင်​သောယာဉ်တန်းကို ဇောင်ကုန်ရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် PDF-Zolandက ထုတ်ပြန်ထားသည်။

ထိုမိုင်းခွဲမူကို PDF-Zolandနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(စီးယင်း) Civic Defense Militia -CDM -Siyin တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှစ်ခုလုံးက ထုတ်ပြန်ထားသည်။ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု CDM (စီးယင်း)အဖွဲ့က ထုတ်ပြန်ထားသည်။

ကလေး-သိုင်းငင်း-တီးတိန်လမ်းပိုင်းတွင် ဇန်နဝါရီ ၂၂ ရက် ဒေသခံကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား သိုင်းငင်းရွာတိုက်ပွဲအပြီးနောက် ပထမဦးဆုံးအကြိမ် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှတိုက်လေယာဉ်နှင့် လက်နက်ကြီးပစ်ကူအများအပြားအသုံးပြုခဲ့ရပြီး ရက်သတ္တပါတ်ခန့်ကြာမြင့်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။