Connect with us

Hi, what are you looking for?

News

မိုးဗြဲ၌ စစ်ရေးတင်းမာလာ၍ ပြည်သူများလုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းရန်နှင့် ဘေးကင်းအောင်နေထိုင်ရန် PDFထုတ်ပြန်

ယနေ့ နံနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုအချို့ရှိခဲ့ကြောင်း၊ စစ်ရေးအခြေအနေကြောင့် လူထုများဘေးကင်းစေရေး ယခုကဲ့သို့ အသိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ မိုးဗြဲမြို့၌ ဝင်ရောက်နေရာယူလာ၍ ပြည်သူများအနေဖြင့် လုံခြုံသည့် နေရာများသို့ ရွှေ့ပြောင်းပေးကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ ထုတ်ပြန်သည်။

“စစ်ကောင်စီဘက်က မနေ့က မိုးဗြဲကို အင်အားအလုံးအရင်း နဲ့ ဝင်လာတယ်။ တင့်ကားတွေလည်းပါတယ်။ ဝင်လာပြီးနေရာတွေယူတယ်။ အဝင်လမ်းတွေကို ကင်းပုန်းတွေချတယ်။ အဲဒီလို မျိုး မြို့ထဲကို ဝင်ထိုင်တာမျိုး လက်မခံဘူး။စစ်ရေးတင်းမာလာတယ်လို့ပဲ ပြောရမှာပေါ့”ဟု PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

ယနေ့ နံနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုအချို့ရှိခဲ့ကြောင်း၊ စစ်ရေးအခြေအနေကြောင့် လူထုများဘေးကင်းစေရေး ယခုကဲ့သို့ အသိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မိုးဗြဲPDF၏ ထုတ်ပြန်ချက်တွင် လုံခြုံသည့် နေရာများသို့ ရွှေ့ပြောင်းပေးရန်၊ ဘေးကင်းခိုင်မာသည့် နေရာကို ရွေးချယ်ပြီးနေထိုင်ကြရန်နှင့် ယင်းသို့ နေထိုင်ရန် အခက်အခဲရှိပါက ဘုန်းကြီး ကျောင်းများသို့ ရွှေ့ပြောင်းနေထိုင်ကြရန် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ပထမ ဦးစားပေးကတော့ ပြည်သူတွေ ဘေးကင်းဖို့ အထိအခိုက် မရှိစေဖို့ရယ်။ အဲဒါကို ပထမ ဦးစားပေးအနေနဲ့ ကျွန်တော်တို့ စဉ်းစားတယ်။ စဉ်းစားတဲ့အပေါ် ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ သတိနဲ့ ယှဉ်တွဲပြီး ဂရုစိုက်နေထိုင်ဖို့ပေါ့”ဟု PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook