Connect with us

Hi, what are you looking for?

News

အာဏာသိမ်းပြီးဖြစ်ရပ် မြန်မာရုပ်သံမှတ်တမ်း ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးဆုရ

“ကမ္ဘာတဝှမ်းက သတင်းခေါင်းကြီးပိုင်းတွေကနေ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ဇာတ်ကားတစ်ကားပါ”ဟု ယင်းရုပ်ရှင်အညွှန်း၌ ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်သတ်ဖြတ်ခံနေရသည့် မြန်မာပြည်သူများ အကြောင်း ရိုက်ကူးထားသော Myanmar Diaries ရုပ်သံဇာတ်လမ်းမှာ ဘာလင်ရုပ်ရှင်ပွဲတော်၌ အကောင်းဆုံးရုပ်သံမှတ်တမ်းဆုရရှိခဲ့သည်။

ယင်းဇာတ်ကားကို အမည်မဖော်လိုသည့် မြန်မာလူငယ်ရုပ်ရှင်ဖန်တီးသူ ၁၀ဦးက ရိုက်ကူးခဲ့ပြီး အာဏာသိမ်းခံရပြီးတဲ့နောက် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ဆောင်မှုအကြောင်းများကို ထည့်သွင်းရိုက်ကူးထားခြင်း ဖြစ်သည်။

“ကမ္ဘာတဝှမ်းက သတင်းခေါင်းကြီးပိုင်းတွေကနေ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ဇာတ်ကားတစ်ကားပါ”ဟု ယင်းရုပ်ရှင်အညွှန်း၌ ဖော်ပြထားသည်။

ဘာလင်ရုပ်ရှင်ပွဲတော်ကို (၇၂)ကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ပြီး ဆုပေးပွဲကို ဖေဖော်ဝါရီ ၁၆ရက်က ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

Myanmar Diaries ဇာတ်ကားအတွက်ရရှိသည့်ဆုကို ချက်နိုင်ငံသား ဒါရိုက်တာ Petr Lom နှင့် ဒတ်ခ်ျနိုင်ငံမှ ထုတ်လုပ်သူ Corinne van Egeraat တို့ က လက်ခံခဲ့ပြီး ဆုကြေးငွေ ယူရိုလေးသောင်းရရှိခဲ့သည်။

ယင်းရုပ်ရှင်ကို Myanmar Film Collectiveက နယ်သာလန်နဲ့ နော်ဝေက ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျာမနီမှာ လိင်တိမ်းညွှတ်မှု စုံလင်ကွဲပြားသူ (LGBTQ)တွေ စုဝေးတဲ့ ချီတက်ပွဲ တစ်ခုကို ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ပြီး ၁၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။