Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းပြီးဖြစ်ရပ် မြန်မာရုပ်သံမှတ်တမ်း ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးဆုရ

“ ကမ္ဘာတဝှမ်းက သတင်းခေါင်းကြီးပိုင်းတွေကနေ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ဇာတ်ကားတစ်ကားပါ” ဟု ယင်းရုပ်ရှင်အညွှန်း၌ ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်သတ်ဖြတ်ခံနေရသည့် မြန်မာပြည်သူများ အကြောင်း ရိုက်ကူးထားသော Myanmar Diaries ရုပ်သံဇာတ်လမ်းမှာ ဘာလင်ရုပ်ရှင်ပွဲတော်၌ အကောင်းဆုံးရုပ်သံမှတ်တမ်းဆုရရှိခဲ့သည်။

ယင်းဇာတ်ကားကို အမည်မဖော်လိုသည့် မြန်မာလူငယ်ရုပ်ရှင်ဖန်တီးသူ ၁၀ဦးက ရိုက်ကူးခဲ့ပြီး အာဏာသိမ်းခံရပြီးတဲ့နောက် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ဆောင်မှုအကြောင်းများကို ထည့်သွင်းရိုက်ကူးထားခြင်း ဖြစ်သည်။

“ ကမ္ဘာတဝှမ်းက သတင်းခေါင်းကြီးပိုင်းတွေကနေ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ဇာတ်ကားတစ်ကားပါ” ဟု ယင်းရုပ်ရှင်အညွှန်း၌ ဖော်ပြထားသည်။

ဘာလင်ရုပ်ရှင်ပွဲတော်ကို (၇၂)ကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ပြီး ဆုပေးပွဲကို ဖေဖော်ဝါရီ ၁၆ရက်က ပြုလုပ်ခဲ့သည်။

Myanmar Diaries ဇာတ်ကားအတွက်ရရှိသည့်ဆုကို ချက်နိုင်ငံသား ဒါရိုက်တာ Petr Lom နှင့် ဒတ်ခ်ျနိုင်ငံမှ ထုတ်လုပ်သူ Corinne van Egeraat တို့ က လက်ခံခဲ့ပြီး ဆုကြေးငွေ ယူရိုလေးသောင်းရရှိခဲ့သည်။

ယင်းရုပ်ရှင်ကို Myanmar Film Collectiveက နယ်သာလန်နဲ့ နော်ဝေက ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

You May Also Like

သတင်း

TNLA၊ ရခိုင် AA၊ ကိုးကန့် MNDAA၊ မိုင်လား NDAA၊ ရှမ်း SSPP၊ ကချင် KIAနှင့် ၀ UWSA ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်သည့် FPNCC အစည်းအဝေးကို မတ်လ ၁၅ရက်နှင့် ၁၆ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ်က မြန်မာမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လာရောက်တွေ့ဆုံမှု နှင့်ပတ်သက်ပြီး ယာယီသမ္မတက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

အဆိုပါနေရာ၌ ရွှေတူးဖော်ခြင်းအားဖြင့်သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများ၊တောရိုင်းတိရစ္ဆာန်စားကျက်မြေများပျက်စီးခြင်းနှင့်ရေချိုငါးအရင်းအမြစ်များပျက်စီးပျောက်ကွယ်မည့် အန္တရာယ်ဖြစ်ပေါ်စေမည်ဟု ၎င်းကဆက်​ပြောသည်။

သတင်း

KNU ကော်သူးလေအုပ်ချုပ်နယ်မြေခရိုင် (၇) ခရိုင်အတွင်း နေထိုင်သောအပြစ်မဲ့အရပ်သား ပြည်သူများအားပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၃၀၇)ကြိမ်ခန့်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။