Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနှင့်ပျူစောထီးပေါင်းပြီး အန္တရာယ်ပေးနေ၍ ချင်းတွင်းမြစ်ကြောင်းကို ဖြတ်သန်းခြင်းမပြုရန် မင်းကင်းPDF ထုတ်ပြန်

ခရီးသွားပြည်သူများနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်နစ်နာမှုမရှိကြစေရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြပါရန် မင်းကင်း PDF က မေတ္တာရပ်ခံခဲ့သည်။

မင်းကင်းမြို့နယ်၊ မြစ်ရိုးအောက်ဒေသ၊ တောင်ဖြူရွာနှင့် ပန်းဆက်ရွာများတွင် လူသတ် အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် ပျူစောထီးအဖွဲ့ဝင်များမှ စုန်ဆန်လာသော ရေယာဉ်များအား သေနတ်ဖြင့်ပစ်ခတ်ခေါ်ယူပြီး ငွေကြေး နှင့်ပစ္စည်းများကို အတင်းအဓမ္မယူဆောင်လျက်ရှိကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က ယနေ့ သတင်းထုတ်ပြန်သည်။

ခရီးသွားပြည်သူများနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်နစ်နာမှုမရှိကြစေရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြပါရန် မင်းကင်း PDF က မေတ္တာရပ်ခံခဲ့သည်။

လမ်းတွင်ရောက်ရှိနေသော ရေယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းရာဆိပ်ကမ်းတစ်ခုခုတွင် ဆိုက်ကပ်စောင့်ဆိုင်းကြပါရန် မေတ္တာရပ်ခံကြောင်းလည်း ဖော်ပြထားသည်။မင်းကင်းPDF အနေဖြင့် ချင်းတွင်းမြစ်ကြောင်းအတွင်း ဖြတ်သန်းခြင်းမပြုရန် မေတ္တာရပ်ခံရာတွင် မည်သည့်အချိန်ထိ ဆိုသည့် အချိန်ကာလကို ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။