မင်းကင်းမြို့နယ်၊ မြစ်ရိုးအောက်ဒေသ၊ တောင်ဖြူရွာနှင့် ပန်းဆက်ရွာများတွင် လူသတ် အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် ပျူစောထီးအဖွဲ့ဝင်များမှ စုန်ဆန်လာသော ရေယာဉ်များအား သေနတ်ဖြင့်ပစ်ခတ်ခေါ်ယူပြီး ငွေကြေး နှင့်ပစ္စည်းများကို အတင်းအဓမ္မယူဆောင်လျက်ရှိကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က ယနေ့ သတင်းထုတ်ပြန်သည်။
ခရီးသွားပြည်သူများနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်နစ်နာမှုမရှိကြစေရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြပါရန် မင်းကင်း PDF က မေတ္တာရပ်ခံခဲ့သည်။
လမ်းတွင်ရောက်ရှိနေသော ရေယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းရာဆိပ်ကမ်းတစ်ခုခုတွင် ဆိုက်ကပ်စောင့်ဆိုင်းကြပါရန် မေတ္တာရပ်ခံကြောင်းလည်း ဖော်ပြထားသည်။မင်းကင်းPDF အနေဖြင့် ချင်းတွင်းမြစ်ကြောင်းအတွင်း ဖြတ်သန်းခြင်းမပြုရန် မေတ္တာရပ်ခံရာတွင် မည်သည့်အချိန်ထိ ဆိုသည့် အချိန်ကာလကို ဖော်ပြမထားပေ။
