Connect with us

Hi, what are you looking for?

News

ရေဦးမြို့နယ် မုတ်စီရွာအနီး အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ PDF ရဲဘော်နှစ်ဦး ကျဆုံး

“ရေဦးမြို့နယ်မုတ်စီကျေးရွာကို လာပြီး ပစ်ခတ်ခဲ့သည့် ရဲခွေးကားကို မိုင်းဆွဲခဲ့ပြီး ရဲခွေးများပြန် လည်ပစ်ကြရင်း ပကဖ ရဲဘော်များထဲမှ နှစ်ဦးကျ ဆုံး”ဟု ၎င်းက ရေးသားထားသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုတ်စီကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေဦးက ယနေ့(ဖေ ဖော်ဝါရီ ၁၉)ထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်းတွင် ရေဦးမြို့နယ် မုတ်စီရွာသို့ စစ်ကောင်စီတပ်မှ ကားသုံးစီးဖြင့်လာ ရောက်ကာ ကျေးရွာအတွင်း ရမ်းကားပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မုတ်စီရွာသို့ ဝင်ရောက်သောင်းကျန်းပြီးပြန်လာသည့် စစ်ကောင်စီယာဥ်တန်းကို ဒေသကာ ကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေဦးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရေဦးမြို့နယ်မုတ်စီကျေးရွာကို လာပြီး ပစ်ခတ်ခဲ့သည့် ရဲခွေးကားကို မိုင်းဆွဲခဲ့ပြီး ရဲခွေးများပြန် လည်ပစ်ကြရင်း ပကဖ ရဲဘော်များထဲမှ နှစ်ဦးကျ ဆုံး”ဟု ၎င်းက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ရေဦးမြို့နယ် ဘိုရုံရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့