Connect with us

Hi, what are you looking for?

News

ပျူများဖြင့်ချီတက်လာသည့် စစ်​ကောင်စီတပ်ကို ကနီ PDFပူး​ပေါင်းအဖွဲ့က တိုက်ခိုက်ရာ ၁၅ဦးခန့်​သေဆုံးဟုဆို

အကြမ်းဖက်စစ်ကောင်စီအုပ်စုသည် ၎င်းတို့ဘက်မှ ထိခိုက်မှုများရှိခဲ့သည့်အတွက် ဆယ်ရွာဒေသသို့ ဆက်လက် ချီမတက်နိုင်တော့ဘဲ လာရာလမ်းသို့ ဆုတ် ခွာခဲ့ရာ KDPF-2 နှင့်ပူးပေါင်းအဖွဲ့များက လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၁၅ဦးခန့် သေဆုံးနိုင်ကြောင်း ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၂(KPDF-2)က ယနေ့(ဖေဖော်ဝါရီ ၂၁)ထုတ်ပြန်သည်။

မင်းကင်းမြို့နယ် တောင်တွင်း ဒေသအထက်ပိုင်းရှိ စစ်လျင်ချောင်းကျေးရွာမှ ခြေလျင်တက်လာသော စစ်ကောင်စီတပ်သားနှင့် ပျူအင်အား ၁၀၀ခန့်သည် (ဖေဖော်ဝါရီ ၂၀)နံနက်ပိုင်းက ကနီမြို့ နယ် ဆယ်ရွာဒေသသို့ တောလမ်းအတိုင်း ဆက်လက်ချီတက်လာခဲ့ရာ မိုင်တိုင် (၆၇)နှင့် တစ်ဖာလုံခန့်အကွာရှိ အနောက်ချောင်းရိုးသို့ ရောက်ရှိချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

KPDF-2၊ ရွှေသမင်မုဆိုး TD PDF၊ ရွှေတြိဂံတပ်ရင်းနှင့် Special Regional Attack Force -Monywa အဖွဲ့တို့ပူးပေါင်း၍ ပဒေသာမိုင်း ​လေးလုံးခွဲတိုက်ခိုက်ခဲ့သည့် အပြင် တိုက်မိုင်း၊ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီပူးပေါင်းအဖွဲ့မှ ၁၅ဦးခန့် သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရရှိသည်ဟု အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီအုပ်စုသည် ၎င်းတို့ဘက်မှ ထိခိုက်မှုများရှိခဲ့သည့်အတွက် ဆယ်ရွာဒေသသို့ ဆက်လက် ချီမတက်နိုင်တော့ဘဲ လာရာလမ်းသို့ ဆုတ် ခွာခဲ့ရာ KDPF-2 နှင့်ပူးပေါင်းအဖွဲ့များက လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် လက်ရှိအချိန်တွင် အကြမ်းဖက်စစ် ကောင်စီပူးပေါင်းတပ်သည် တပ်ချောင်းရွာအရှေ့ကားလမ်းအထိ ဆုတ်ခွာ၍ ညအိပ်ရပ်နားကြောင်းလည်း KPDF-2 က ဆိုသည်။

ယမန်နေ့က မင်းကင်း-ကနီဒေသကြားတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ KPDF-2 နှင့်ပူးပေါင်းတပ်ဖွဲ့များ ထိခိုက် ကျဆုံးမှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ်နဲ့ အဆောက်အအုံ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။