Connect with us

Hi, what are you looking for?

News

ကနီဒေသတိုက်ပွဲ စစ်ကောင်စီနှင့်ပျူ၁၅ဦးထက်မနည်းသေ

ကနီမြို့နယ်အတွင်း စစ်ကြောင်းထိုးရန်တက်လာသည့် စစ်ကောင်စီနှင့် ပျူအင်အားတစ်ရာခန့်ကို ​ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ် လေးဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အထိနာခဲ့ပြီးနောက် ပြန်ဆုတ်ခွာစဉ် ထပ်မံ၍ ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ကြောင်း ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)KPDF-2က ထုတ်ပြန်သည်။

(KPDF တပ်ဖွဲ့ဝင်များ စစ်သင်တန်းတစ်ခုပြုလုပ်စဥ်)

● စစ်ကောင်စီက ရွာတစ်ရွာကို မီးရှို့နေပြီး အရပ်သားသုံးဦးကို သတ်ဖြတ်ဟု သတင်းထွက်ပေါ်

မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသအထက်ပိုင်း စစ်လျင်ချောင်းကျေးရွာမှ ခြေလျင်တက်လာသည့် စစ်ကောင်စီ နှင့် ပျူအင်အား ၁၀၀ ဝန်းကျင်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များဖြစ်သော KPDF-2၊ ရွှေသမင်မုဆိုး TD PDF၊ ရွှေတြိဂံတပ်ရင်း၊ Special Regional Attack Force-Monywa အဖွဲ့တို့က ​ဖေ​ဖော်ဝါရီ ၂၀ မနက်ပိုင်းတွင်ကနီမြို့နယ်၊ ဆယ်ရွာဒေသ မိုင်တိုင် ၆၇ မိုင်အနီး အနောက်ချောင်းရိုးသို့ ရောက်ရှိချိန်၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပဒေသာမိုင်း (၄) လုံးခွဲတိုက်ခိုက်ခဲ့သည့် အပြင် တိုက်မိုင်း၊ လက်နက်ငယ်၊ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခ နှင့် ပျူအုပ်စုမှ ၁၅ ဦးခန့်သေဆုံးနိုင်ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်” ဟု ဖေဖော်ဝါရီ ၂၀ ရက် နံနက်က တိုက်ခိုက်မှုသတင်းကို KPDF- 2က ယနေ့(ဖေဖော်ဝါရီ ၂၁)ထုတ်ပြန်သည်။

အထိနာသွားသည့်အကြမ်းဖက်စစ်ကောင်စီအုပ်စုသည် ဆယ်ရွာဒေသသို့ ဆက်လက် ချီမတက်နိုင်တော့ဘဲလာရာလမ်းသို့ဆုတ်ခွာစဉ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ထပ်မံ၍လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

“လက်နက်ချင်းတော့ မမျှဘူးပေါ့ဗျာ။ နယ်မြေကျွမ်းကျင်မှုကိုတော့ လာမယှဉ်နဲ့။ ချောင်ပိတ်သွားမယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ကနီနှင့် မင်ကင်းဒေသသို့ လွန်ခဲ့သည့် တစ်ပတ်ခန့်ကတည်းက တစ်ကျော့ပြန် စစ်ကြောင်းထိုးနေ၍ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။ ဒေသခံလူထုသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ အကာအကွယ်ပေးမှုဖြင့် ဘေးလွတ်ရာသို့ အလျဉ်းသင့်သလို ပြောင်းရွှေ့ ခိုလှုံနေကြသည်။

“ခလေးတွေက သူတို့ စွန့်စွန့်စားစားကာကွယ်ပေးတယ်။ ကိုယ်တွေကတော့ တိုက်ပွဲအခြေအနေကြည့်ပြီး ပြေးကြ လွှားကြရတာပေါ့။”ဟု အသက် ၄၅နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည့် ချိုင်သဘောက်နှင့် အိုင်နောင်ရွာတွင် အရပ်သား သုံးဦးအား စစ်ကောင်စီက သတ်ဖြတ်သွားသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

“အိုင်နောင်ရွာကို မီးရှို့နေတယ်လို့ သတင်းကြားတယ်။အရပ်သားနှစ်ယောက်အသတ်ခံရတယ်လို့လည်း ကြားတယ်။ ဒီမနက် နောက်ဆုံးရထားတဲ့သတင်းပါ”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လူငယ်တစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီအုပ်စုသည် ဖေဖော်ဝါရီ ၂၀ ရက် ညနက်ပိုင်းတွင် ကနီမြို့နယ်ချောင်းရွာအရှေ့ကားလမ်း အထိ ဆုတ်ခွာသွားကြောင်းပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ထုတ်ပြန်ထားသည်။ ယနေ့ နံနက်ပိုင်းအခြေအနေကို အသေးစိတ် သတင်းမထုတ်ပြန်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။