Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်များ လက်နက်ကြီး ရမ်းသန်းပစ်ခတ်၍ အရပ်သားသေဆုံးထိခိုက်ပြီး နေအိမ်ပျက်စီးမှု များဖြစ်ဟု KNU ထုတ်ပြန်

သေဆုံးခဲ့သူမှာ အသက် ၁၉နှစ်အရွယ်လူငယ်တစ်ဦးဖြစ်ပြီး ဒဏ်ရာရသူများထဲတွင် အသက် ၁၃နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦး နှင့် အမျိုးသားနှစ်ဦး တို့ဖြစ်သည်ဟု ဖော်ပြသည်။ ထို့ပြင်အိမ် ၅လုံး ပျက်စီးခဲ့အိမ်မွေးတိရစ္ဆာန်အချို့ သေဆုံးခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေအတွင်းရှိ ကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်များက လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ အရပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် ဖေဖော်ဝါရီ ၂၄ရက် ညပိုင်းက အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဗိုလ်မောင်ချစ် ဦးဆောင်သော BGF အမှတ်(၁၀၁၃) တပ်နယ် တပ်ဖွဲ့ဝင်များ လက်နက်ကြီး ၃လုံး ရမ်းသန်းပစ်ခတ်ခဲ့ရာ ဒွယ်လိုးမြို့နယ် ကပိခီးကျေးရွာအတွင်း ကျရောက်ပြီး တစ်ဦးသေဆုံးကာ ​လေးဦး ဒဏ်ရာရခဲ့သည်ဟု တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

Public Service Announcement

သေဆုံးခဲ့သူမှာ အသက် ၁၉နှစ်အရွယ်လူငယ်တစ်ဦးဖြစ်ပြီး ဒဏ်ရာရသူများထဲတွင် အသက် ၁၃နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦး နှင့် အမျိုးသားနှစ်ဦး တို့ဖြစ်သည်ဟု ဖော်ပြသည်။ ထို့ပြင်အိမ် ၅လုံး ပျက်စီးခဲ့အိမ်မွေးတိရစ္ဆာန်အချို့ သေဆုံးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် KNU တပ်မဟာ (၁)နယ်မြေအတွင်းရှိ ကျေးရွာများသို့လည်းလက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီ၊ ခမရ အမှတ်(၉)စခန်းမှ ဖေဖော်ဝါရီလ ၂၄ ရက် ညပိုင်း၌ လက်နက်ကြီးသုံးချက် ရမ်းသမ်းပစ်ခတ်ခဲ့ရာ KNU သထုံမြို့နယ် နောင်ကတုတ်အောက်ပိုင်း ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲပြီး လူနေအိမ်တစ်လုံးနှင့် စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

ယင်းနေ့၌ပင် ပိန္နဲတော စကခ(၈) စခန်းမှ လက်နက် ကြီး ​လေးချက်ထပ်မံပစ်ခတ်ခဲ့ရာ ဒုံသမိချောင်း တစ်ဖက်ကမ်းတွင် သုံးလုံး၊ ပရစ်ခိုကျေးရွာအနီးတွင် တစ်လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်သည်။အဆိုပါ ဖြစ်စဉ်တွင် လူနှင့် အဆောက်အဦများ ထိခိုက်မှုရှိမရှိ ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook