Connect with us

Hi, what are you looking for?

News

ခရမ်းနှင့်သုံးခွတွင် စစ်ကောင်စီတပ်များ မိုင်းခွဲတိုက်ခိုက်ခံရ

သုံးခွမြို့နယ်အတွင်း တိုက်ခိုက်မှုဖြစ်စဥ်မှာ ယနေ့ညနေ ၄ နာရီ ၅၀ ခန့်က ကျောင်းစုပတုပ်ကျေးရွာအနီးတွင် စစ်ကားတစ်စီးမိုင်းခွဲခံရကြောင်း ဒေသခံများက ပြောသည်။

ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်တို့တွင် ယနေ့ (ဖေဖော်ဝါရီ ၂၈)ညနေပိုင်းတွင် စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်မှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာများမှာ ခရမ်းမြို့နယ်တွင် ပိန်းကန်ကျေးရွာရဲစခန်း၊ တမံကြီးကျေးရွာနှင့် ကျုံးတူးကျေးရွာအနီးတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး သုံးခွမြို့နယ်တွင် ကျောင်းစုပတုပ်ကျေးရွာတောင်ဘက်နားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။မည်သည့်အဖွဲ့က တိုက်ခိုက်သည်ကိုမူမသိ့ရ​သေး​ပေ။

ယနေ့ညနေ ၃ နာရီခန့်တွင် ပိန်းကန်ရဲစခန်းတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါစခန်းသို့ တပ်ကူလာသည့်စစ်ကားတစ်စီးသည် တမံကြီးကျေးရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသသတင်းရင်းမြစ် Khayan Channal က ဖော်ပြသည်။

အလားတူ ခရမ်းမြို့နယ် ကျုံးတူးကျေးရွာအနီးတွင်လည်း ယနေ့ညနေ ၄ နာရီခန့်က စစ်ကားတစ်စီး မိုင်းခွဲခံရပြီး ကားမှာပျက်စီးသွားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

သုံးခွမြို့နယ်အတွင်း တိုက်ခိုက်မှုဖြစ်စဥ်မှာ ယနေ့ညနေ ၄ နာရီ ၅၀ ခန့်က ကျောင်းစုပတုပ်ကျေးရွာအနီးတွင် စစ်ကားတစ်စီးမိုင်းခွဲခံရကြောင်း ဒေသခံများက ပြောသည်။

အထက်ပါတိုက်ခိုက်မှုဖြစ်စဥ်များတွင် ထိခိုက်သေဆုံးမှုအခြေအနေများကို စုံစမ်းနေဆဲဖြစ်ပြီး အရေအတွက် မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။