Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဖားကန့်ဒေသခံ​ခြောက်ဦးဒဏ်ရာရ

ယနေ့ (ဇူလိုင် ၁၅ရက်)နံနက်က ဖားကန့်မြို့နယ် တံတားညီနောင် အနီး ကချင်လက်နက်ကိုင်အဖွဲ့(KIA) နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ နမ့်ယားအခြေစိုက် စစ်တပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဆိုင်းဖရာရွာသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

(ဒဏ်ရာရရှိသူများအား ​တွေ့ရစဥ်၊ဓါတ်ပုံ - The 74MEDIA)

KIAနှင့် တိုက်ပွဲစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်သေဟု ဒေသခံပြော

အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ကြောင့် ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာ ဒေသခံ ​ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ဒေသခံများက ပြောသည်။

ယနေ့ (ဇူလိုင် ၁၅ရက်)နံနက်က ဖားကန့်မြို့နယ် တံတားညီနောင် အနီး ကချင်လက်နက်ကိုင်အဖွဲ့(KIA) နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ နမ့်ယားအခြေစိုက် စစ်တပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဆိုင်းဖရာရွာသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ကြီးကျလို့ ပြည်သူလူထုမှာ ထိတာပဲကြားရသေးတယ်။ လောလောဆယ် ၆ဦး။ လက်နက်ကြီးက သူတို့ နမ့်ယား စခန်းကနေ ပစ်တာ”ဟု ကချင်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အခြားဒေသခံတစ်ဦးကလည်း “နမ့်ယားစခန်းကနေအဲဒီဘက်မှာ လက်နက်ကြီးတွေ ပစ်လိုက်တဲ့အခါကျတော့ ရွာထဲမှာ လက်နက်ကြီးထိတာပေါ့။ ထိတော့ တိရိစ္ဆာန်တွေ သေတာရှိတယ် လူတွေထိခိုက်ဒဏ်ရာရတာရှိတယ်။ တိုက်ပွဲက အဲဒါနဲ့ မနီးမဝေးနေရာမှာဖြစ်တာ။ တပ်ဘက်က ၁၅ယောက်လောက်သေတယ်လို့တော့ ပြောတယ်။ တက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ။ အဲဒါကြောင့်လူထုရှိတဲ့ဘက်ကို လက်နက်ကြီးနဲ့ ပြန်ပစ်တာ” ဟု ပြောကြားသည်။

တိုက်ပွဲဖြစ်စဉ် နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှု၊အရပ်သားများလက်နက်ကြီးကျည်ထိမှန်မှု အခြေအနေများနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်များအား ကချင်လက်နက်ကိုင်အဖွဲ့(KIA) က မကြာခဏ ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

KIA အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်ရှိ မြို့နယ်များတွင် စစ်ကောင်စီ တပ်စခန်း၊ ဂိတ်နှင့် ရဲစခန်းများအား မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။