Connect with us

Hi, what are you looking for?

News

ယောဒေသက သုံးရက်ကြာတိုက်ပွဲ စစ်ကောင်စီတပ် ၂၀ဦးထက်မနည်းသေဟု ဆော PDFပြော

PDF-SAWနှင့် မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး ထိခိုက်မှု တစုံတစ်ရာမရှိခဲ့ဘဲ ထုတ်ပြန်ချက် အသေးစိတ်ကို မကြာမီထပ်မံ ထုတ်ပြန် ပေးသွားမည်ဟု အသိပေးထားသည်။

(​ဆော PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

ယောဒေသတွင် မတ်လ၇ရက်မှ မတ်လ ၉ရက်အထိ သုံးရက်ကြာတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ၂၀ဦးထက် မနည်းသေဆုံးကြောင်း ဆောမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF-SAW)က သတင်းထုတ်ပြန် သည်။

မတ်လ ၇ရက်မှ မတ်လ ၉ရက် နံနက် ၁၁နာရီခန့်အချိန်ထိဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းကို PDF-SAWက ယနေ့ထုတ်ပြန်ခြင်း ဖြစ်သည်။ PDF-SAW နှင့်အတူ ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက် ခဲ့သည်ဟုလည်း ပြည်သူလူထုအား အသိပေးထားသည်။

PDF-SAWနှင့် မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး ထိခိုက်မှု တစုံတစ်ရာမရှိခဲ့ဘဲ ထုတ်ပြန်ချက် အသေးစိတ်ကို မကြာမီထပ်မံ ထုတ်ပြန် ပေးသွားမည်ဟု အသိပေးထားသည်။

ယောဒေသတွင် ယခုရက်ပိုင်း တိုက်ပွဲများအပြင်းအထန်ဖြစ်ခဲ့သလို ဒေသချင်း ထိစပ်နေသော ကလေးမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။