Connect with us

Hi, what are you looking for?

News

ကသာနယ် ချောင်းဝရွာအနီး ယနေ့တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်ဟု မြို့လှ PDF ​ပြော

စစ်​ကောင်စီဖက်မှ အထိအခိုက်အကျအဆုံး အများအပြားရှိနိုင်ပြီး မြို့လှ PDFတပ်ဖွဲ့မှ အထိအခိုက်မရှိပဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။

(မြို့လှ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကသာမြို့နယ် ချောင်း၀ရွာအနီးတွင် ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးများနိုင်ကြောင်း မြို့လှပြည်သူ့ကာကွယ် ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျှင်စစ်ကြောင်းအား ချောင်းဝရွာအနီးတွင် ယနေ့(မတ်လ ၁၃) နံနက်၆နာရီ ၄၅မိနစ်ခန့်တွင် မြို့လှ PDFတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အင်အား ၇၂ဦးပါ ခမရ (၄၁၅)မှ တပ်ရင်းမှူးထွန်းနောင်ပိုင်ဦးဆောင်သော စစ်ကောင်စီတပ်များသည် ချောင်းဝရွာမှ ဆင်ကုန်တိုင်​ကျေးရွာဖက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာစဉ် မြို့လှPDF တပ်ခွဲ (၂ )မှ ဗိုလ်ဇာမဏီ ဦးဆောင်သည့် တပ်မှစောင့်ကြိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၄၅မိနစ်ခန့်ကြာမြင့်ခဲံသည်ဟု ဖော်ပြထားသည်။

စစ်​ကောင်စီဖက်မှ အထိအခိုက်အကျအဆုံး အများအပြားရှိနိုင်ပြီး မြို့လှ PDFတပ်ဖွဲ့မှ အထိအခိုက်မရှိပဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

မြို့လှ PDFသည် မတ်လ ၁၁ရက်ကလည်း ရွှေကူမြို့ နယ်တွင် ရေကြောင်းမှ စက်လှေဖြင့် တပ်အပြောင်းအ ရွှေ့လုပ်သည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိနိုင်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။