Connect with us

Hi, what are you looking for?

LuduNwayOo

News

ကသာနယ် ချောင်းဝရွာအနီး ယနေ့တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်ဟု မြို့လှ PDF ​ပြော

စစ်​ကောင်စီဖက်မှ အထိအခိုက်အကျအဆုံး အများအပြားရှိနိုင်ပြီး မြို့လှ PDFတပ်ဖွဲ့မှ အထိအခိုက်မရှိပဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။

(မြို့လှ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကသာမြို့နယ် ချောင်း၀ရွာအနီးတွင် ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးများနိုင်ကြောင်း မြို့လှပြည်သူ့ကာကွယ် ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျှင်စစ်ကြောင်းအား ချောင်းဝရွာအနီးတွင် ယနေ့(မတ်လ ၁၃) နံနက်၆နာရီ ၄၅မိနစ်ခန့်တွင် မြို့လှ PDFတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အင်အား ၇၂ဦးပါ ခမရ (၄၁၅)မှ တပ်ရင်းမှူးထွန်းနောင်ပိုင်ဦးဆောင်သော စစ်ကောင်စီတပ်များသည် ချောင်းဝရွာမှ ဆင်ကုန်တိုင်​ကျေးရွာဖက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာစဉ် မြို့လှPDF တပ်ခွဲ (၂ )မှ ဗိုလ်ဇာမဏီ ဦးဆောင်သည့် တပ်မှစောင့်ကြိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၄၅မိနစ်ခန့်ကြာမြင့်ခဲံသည်ဟု ဖော်ပြထားသည်။

စစ်​ကောင်စီဖက်မှ အထိအခိုက်အကျအဆုံး အများအပြားရှိနိုင်ပြီး မြို့လှ PDFတပ်ဖွဲ့မှ အထိအခိုက်မရှိပဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

မြို့လှ PDFသည် မတ်လ ၁၁ရက်ကလည်း ရွှေကူမြို့ နယ်တွင် ရေကြောင်းမှ စက်လှေဖြင့် တပ်အပြောင်းအ ရွှေ့လုပ်သည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိနိုင်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။