Connect with us

Hi, what are you looking for?

News

လွိုင်ကော် – ဒီးမော့ဆို လမ်းအား အကန့်အသတ်မရှိ ပိတ်ထားကြောင်း ပြည်သူများအား အသိ​ပေး

ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ် ပူးပေါင်း အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်နေသည်။

လတ်တလောတိုက်ပွဲများပြင်းထန်နေသည့် ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော် – ဒီးမော့ဆို လမ်းပိုင်းကို အကန့်အသတ်မရှိ ပိတ်ထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၉)က ယနေ့ နေ့လည်ပိုင်း၌ ထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းကို အကြမ်းဖက်စစ်ကောင်စီများ အသုံးပြုနေ၍ ပိတ်ပင်ခြင်းဖြစ်ပြီး ပြည်သူများ သွားလာခြင်း မပြုကြရန် အသိပေးကြောင်း ဖော်ပြထားသည်။

Public Service Announcement

ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ် ပူးပေါင်း အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်နေသည်။

ဖေဖော်ဝါရီလလယ်မှစ၍ နေ့စဉ် တိုက်ပွဲပြင်းထန်နေသည့် ရှမ်း -ကယားနယ်စပ် မိုးဗြဲဒေသနှင့် ဒီးမော့ဆိုမြို့နယ် တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီတပ်က မြေပြင်၌ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခြင်းအပြင် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပြစ်ကူများ၊ တင့်ကားအသုံးပြု တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး ယခုအခါ အတွဲလိုက်ပစ် ရော့ကဒ်ဒုံး(MLRS) များ အသုံးပြု တိုက်ခိုက်နေသည်ဟု KNDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁၁၀၉)တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်အစပ်က စစ်တပ်ကာကင်းစခန်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့ကလူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်စပ် မိုးဗြဲနဲ့ လွိုင်ကော်မြို့နယ်က စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတချို့ ဖမ်းဆီးရရှိတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။