Connect with us

Hi, what are you looking for?

LuduNwayOo

News

ကုန်းသာတိုက်ပွဲတွင် ရဲ​ဘော်သုံးကျဆုံးခဲ့ရ​ကြောင်း ဒီး​မော့ဆို PDF အသိ​ပေး

တိုင်းပြည်အတွက် ပေးဆပ်တော်လှန်ခဲ့သော ကျဆုံးရဲဘော်သုံးဦး၏ မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း ဖော်ပြသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတိုက်ပွဲ၌ ရဲဘော်သုံးဦးကျဆုံးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)က ယနေ့(မတ်လ ၁၄ ရက်) ထုတ်ပြန်သည်။

ကျဆုံးခဲ့ရသော ရဲဘော်သုံးဦးသည် သေးဆူးလဲအုပ်စု၊ကုန်းသာကျေးရွာသို့ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံစဥ် မတ်လ ၁၂ရက်က ကျဆုံးခဲ့ရခြင်းဖြစ်သည်။

ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ထိုးကာ DMO -Local PDF ကို ပိတ်ဆို့တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပိတ်ဆို့တိုက်ခိုက်မှုတွင် တပ်ဖွဲ့လွတ်မြောက်စေရန် မိမိအသက်ကို မငဲ့ညှာဘဲ အကြမ်းဖက်စစ်ကောင်စီကို ဒူးထောက်အရှုံးမပေးဘဲ ကျဆုံးရဲဘော်သုံးဦးမှာ တိုက်ခိုက်ခဲ့ကြောင်း DMO -Local PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုင်းပြည်အတွက် ပေးဆပ်တော်လှန်ခဲ့သော ကျဆုံးရဲဘော်သုံးဦး၏ မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း ဖော်ပြသည်။

ထို့အတူ တိုင်းပြည်အတွက် အသက်ပေးကာကွယ်ခဲ့သည့် ရဲဘော်သုံးဦးကို ဖက်ဒရယ်ဒီမိုကရေစီသူရဲကောင်းအဖြစ် အလေးနီပြု အသိအမှတ်ပြုကြောင်း DMO -Local PDF က ဆိုသည်။

မတ်လ ၁၀ ရက်မှ ၁၂ရက် အထိကုန်းသာရွာတွင် သုံးရက် ကြာတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။